ဒါကတော့ ပထမအကြိမ် ဖူဖျောင်းက ဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) အလှူမှတ်တမ်းဓါတ်ပုံတွေပါ။ အားလုံးတင်ရင်အဆင်မပြေနိုင်လို့ ကောင်းနိုးရာရာ ဓါတ်ပုံလေးတွေပဲရွေးပြီးတင်ပေးလိုက်တယ်နော်။ ခြေလှမ်းဟောင်းတွေကိုပြန်ကြည့်၊ ပီတီဖြစ်ကျေနပ်ပြီး ခြေလှမ်းသစ်တွေအများကြီးလျှောက်လှမ်းကြရအောင်။
Tuesday, March 30, 2010
အမှတ်တရ (၂)
ဒါကတော့ ပထမအကြိမ် ဖူဖျောင်းက ဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) အလှူမှတ်တမ်းဓါတ်ပုံတွေပါ။ အားလုံးတင်ရင်အဆင်မပြေနိုင်လို့ ကောင်းနိုးရာရာ ဓါတ်ပုံလေးတွေပဲရွေးပြီးတင်ပေးလိုက်တယ်နော်။ ခြေလှမ်းဟောင်းတွေကိုပြန်ကြည့်၊ ပီတီဖြစ်ကျေနပ်ပြီး ခြေလှမ်းသစ်တွေအများကြီးလျှောက်လှမ်းကြရအောင်။
အမှတ်တရ
ကြာတော့ကြာခဲ့ပေမယ့် ကျနော်တို့ရဲ့ဖြစ်ဖြစ်မြောက်မြောက်ပထမဦးဆုံးခြေလှမ်း တစ်ခုအဖြစ် အမြဲတမ်း အမှတ်တရသတိရနေကြဦးမယ်လို့ ကျနော်ယူဆပါတယ်။ နောက်ထပ်နောက်ထပ်ခြေလှမ်းတွေကိုလည်း အမြန်ဆုံးအနေနဲ့ သူငယ်ချင်းတို့ရှေ့ကို ပို့ပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်လို့ပြောရင်းနဲ့ .........။
Monday, March 29, 2010
နာရေးသတင်းလွှာ
ကိုရီးယားနိုင်ငံ ဒေ၀ူးသင်္ဘောကျင်းတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ကိုလှသူ ၏မိခင် ဒေါ်ကောင်းကြည် အသက် (၆၀) နှစ်သည် ၂၀၁၀ ခုနှစ် ၃လပိုင်း ၂၈ ရက် တနင်္ဂနွေနေ့ နံနက် ၁:၃၀ (မြန်မာစံတော်ချိန်) အချိန်တွင် မြင်းခြံမြို့နေအိမ်၌ ကွယ်လွန်အနိစ္စ ရောက်ရှိသွားခဲ့ပါသည်။ သို့ပါသောကြောင့် ကျနော်တို့ MGDSME အဖွဲ့ရှိ ညီအကိုများမှ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ဆန္ဒပြုလိုက်ပါသည်။
Sunday, March 28, 2010
DSME ရှိသူငယ်ချင်းများသို့ပန်ကြားချက်
ကျနော်တို့၏ကာလအတန်ကြာရပ်ဆိုင်းနေသော MGDSME ဘလော့ခ်အား 2010.April.1 ရက်နေ့မှစတင်၍ (ကိုထင်လင်းသူ၊ကိုစိုင်းစိုင်း၊ကိုမြတ်မော်ဦး) တို့မှ တပါတ်လျှင်တယောက်ကျစီ တာဝန်ယူပြုပြင်ပေးသွားမည် ဖြစ်ပါသောကြောင့် သူငယ်ချင်းတို့အလိုရှိသောအကြောင်းအရာများကို mgdsme@gmail.com သို့ဆက်သွယ်၍ တောင်းဆိုနိုင်ပါကြောင်းနှင့် အခြားသောကိစ္စကြီးငယ်မှန်သမျှကိုလည်း ကျနော်တို့အားဆက် သွယ်၍အလိုရှိရာများကို ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်ခင်ဗျာ။
Subscribe to:
Posts (Atom)