Tuesday, May 18, 2010

ခေါင်းဆောင်သူများ၏မျက်ကွယ်ပြုချက်များ

ပထမဦးစွာကျနော့သူငယ်ချင်းများစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာရှိကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်။ ကျနော်ဒီနေ့တော့ခေါင်းဆောင်တဲ့လူတွေသတိမူစရာအချက်ကလေးတွေကိုပြောဆိုချင်စိတ်လေးဖြစ်လာ တယ်။ဘယ်လောက၊ဘယ်နယ်ပယ်မှာမဆိုအထက်ရောက်လေမြောက်လေဆိုတဲ့စကားရှိတဲ့အတိုင်းအောက် ခြေလွတ်တတ်တာလေးတွေဖြစ်တတ်တာထုံးစံရှိတယ်။တောင်ပေါ်ရောက်ရင်တောင်အောက်ကိုငုံ့ကြည့်တော့ သေးသေးလေးပဲမြင်တတ်တယ်။တောင်အောက်ကလူကလည်းတောင်ပေါ်ကလူကိုလှမ်းကြည့်ရင်ဒီအတိုင်းပဲ မြင် မှာပဲ။အင်္ဂလိပ်စကားမှာ blind spot ဆိုတာရှိတယ်။ ကိုယ်မသိတာ၊မမြင်တာ၊မကျွမ်းကျင်တာတွေပေါ့။ ဒါရိုက်တာ ကြီးဆိုပြီး ဘ၀င်တွေမြောက်ကာ သတိမထားမိတဲ့အချက်လေးတွေကိုထောက်ပြချင်လို့ ဒီပို့စ်လေးကိုရေးလိုက် တာပါ။
လူဆိုတာအပြစ်အနာအဆာကင်းနိုင်ကြတာမှမဟုတ်တာ။ အပြစ်ကင်းစင်တဲ့ ခေါင်းဆောင်ဆိုတာ မရှိပါဘူးလို့ ပြောကြတယ်။ တစ်ခါတစ်လေ ကိုယ့်ခေါင်းဆောင်မှုအောက်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့ အခြေအ နေလေးတွေကိုလည်း ခေါင်းဆောင်တွေ ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။ ကျနော်က ခေါင်းဆောင်တွေဖြစ် တတ်တဲ့ blind spot " ၁၀ ချက် " ကိုအကြံပြု ပြောဆိုဝေဖန်ချင်ပါတယ်။ သတိမမူ ဂူမမြင်၊ သတိမူရင် မြူတောင် မြင်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။ ခေါင်းဆောင်ကြီးတွေ မမြင်တဲ့အရာလေးတွေကို ကျနော်မြင်တာလေး တွေနဲ့ တိုက်ဆိုင်ကြည့်ရအောင်လား။ တကယ်တော့ blind spot ဆိုတာရောဂါတစ်မျိုးဗျ။ လူကြီးလုပ်စားတဲ့ လူတွေမှာ စွဲကပ်တတ်တဲ့ရောဂါ။ ကိုင်း ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေ ဘယ်လောက် တောင်ဒီရောဂါစွဲကပ်နေပြီလဲဆိုတာကို ဒီပို့စ်လေးဖတ်ပြီး  စစ်ဆေးကြည့်ရအောင်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed