Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, May 05, 2010

သုတ


      ဗီတာမင် ဒီဓါတ်များခြင်းနှင့် အကောင်း အဆိုး

လူပေါင်း တစ်သိန်းခန့်ကို ခန္ဒာဗေဒ ဆေးပညာရှူထောင့်ဖြင့် သုတေသန ပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင်း၌ ဗီတာမင် ဒီဓါတ်ပါဝင်မှုအနေအထား မြင့်မားနေမည်ဆို ပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ၀ါးရစ်ခ်ဆေးတက္ကသိုလ်မှ သုတေသီ များက သတင်းထုတ်ပြန်သည်။ သက်လတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများ ခန္ဓာကိုယ်တွင်း၌ ဗီတာမင်ဒီဓါတ်ပါဝင်မှု လွန်ကဲနေမည်ဆိုပါက နှလုံးရောဂါနှင့် 

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Friday, April 23, 2010

STRESS P.3

စိတ်ဖိစီးမှုလို့ခေါ်တဲ့ mental stress ဒါမှ မဟုတ် psychological stress ကို ဖြေရှင်းနည်းတွေကတော့ online မှာကော စာအုပ်တွေထဲမှာပါ အများကြီးတွေ့ရပါတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ခက်တာက သူတို့ ပြောသလို မလုပ်နိုင်လို့ စိတ်ဖိစီးမှုဝင်တာပေါ့။ မဟုတ်ရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဒီစာတွေ ဖတ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ စကြည့်ရအောင်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Thursday, April 22, 2010

STRESS P.2

Oxidative stress

oxidation ကို မြန်မာလို ဓာတ်တိုးခြင်းလို့ ဓာတုဗေဒက ဆရာတွေက ခေါ်လေ့ရှိပါတယ်။ oxygen molecule တစ်လုံးပေါင်းထည့်လိုက်တယ်ပေါ့။ အဲဒီလို ပေါင်းလိုက်ရင် ဒြပ်ပေါင်း တော်တော်များများဟာ ပုံပျက်သွားလေ့ရှိတယ်။ ပုံပျက်သွားတာကြောင့် မူလလုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ tissue တွေ ပျက်စီးသလို cell တွေလည်း သေကျေကြပါတယ်။ အရေပြားမှာ ဖြစ်ရင် tissue တွေ ပျက်စီးတာ များတာကြောင့် အိုမင်းခြင်းကို ဖြစ်စေတယ်လို့ ပြောကြတယ်။ တကယ်တော့ oxidation က လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ မလိုအပ်တော့တဲ့ tissue တွေကို ဖျက်ဆီးပစ်တဲ့နေရာမျိုးတွေ နဲ့ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့အခါမျိုးတွေမှာ oxidation ကို ဖြစ်စေတဲ့ reactive oxygen free radicals (reactive oxygen species) (ROS) လို့ခေါ်တဲ့ ငတိကလေးတွေကေ၇ှ့တန်းက ပါဝင်ပါတယ်။ သို့သော် မလိုအပ်ဘဲနဲ့ အစွမ်းတွေ စွပ်ပြနေရင်တော့ အကောင်းထက် အဆိုးက ပိုများလာမှာပါ။ oxidative stress ကို ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

STRESS P.1



Stress ကိုမြန်မာလို ဘာသာပြန်ရင် စိတ်ဖိစီးမှုလို့ ပြန်လေ့ရှိတာတွေ့ရတယ်။ အဲဒီလို ပြန်လိုက်ရင် မပြည့်စုံတဲ့ အတွက်ကြောင့် ပျောက်ကင်းအောင် ပြုလုပ်တဲ့နေရာ မှာလည်း စိတ်တစ်ခုတည်းကိုပဲ အာရုံစိုက် နေတတ်ကြတယ်။ မထိရောက်တော့ဘူးပေါ့။ တကယ်တော့ စိတ်ဖိစီးမှုလို့ ပြောချင်ရင် mental stress လို့သုံးပါတယ်။ stress လို့တိုက်ရိုက်သုံးရင် မည်သည့်နေရာမှမဆို ဖြစ်ပေါ်လာတဲ့ ဖိစီးမှုကို ပြောတာပါ။ ကိုယ်ခန္ဓာမှာဖြစ်ပေါ်ရင် physical stress, စိတ်မှာဖြစ်ရင် mental stress, ကိုယ်တွင်းအဂါင်္ အစိတ်အပိုင်းတွေမှာဖြစ်ရင် physiological stress, ရောဂါကြောင့်ဖြစ်ရင် pathological stress ဆိုပြီး သုံးလေ့ရှိပါတယ်။ အဲဒီတော့ stress ကိုပျောက်အောင် ကုချင်ရင် ဖြစ်ပေါ်စေတဲ့ အကြောင်းအချင်းအရာကို သေချာသိမှ ပျောက်နိုင်မှာပါ။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Wednesday, April 21, 2010

MOBILE PHONE အန္တရာယ်

2010ခုနှစ်၊ဖေဖေါ်ဝါရီလတွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးခဲ့ပါသည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Tuesday, April 20, 2010

အသားအရေတွန့်ခြင်း

အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီး စိမ်နေလျှင်လည်း ဖြစ်တတ်သည်။ နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။ အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။ အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Computer သုံးသူများအတွက်မျက်လုံးကာကွယ်ထိန်းသိမ်းနည်း

ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
အလုပ်လုပ်ကိုင် နေကြရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျနော်တို့ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Monday, April 19, 2010

ခံတွင်းအနံ့နံခြင်းနှင့်ဖြေရှင်းနည်းများ


ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။
များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

ကွန်ပျူတာအသုံးပြုသူများအတွက်


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Sunday, April 18, 2010

ကိုယ်နံ့လေးရယ်တဲ့သင်းစေလို


လူတိုင်း လူတိုင်းမှာ ကိုယ်စီ အနံ့ရှိကြပါတယ်။ တချို့က ကိုယ်နံ့သင်းကြတယ်။ တချို့ကလည်း အနားပင် မကပ်ချင်လောက်အောင် နံကြတယ်။ တချို့ကျတော့ ကိုယ် ကိုယ်တိုင် အနံ့မကောင်းတာတောင် မသိဘဲ ကိုယ့်အနံ့နဲ့ ကိုယ် ယဉ်နေတတ်တယ်။ အနားမှရှိသူတွေအတွက် အားနာစရာပေါ့။ လူတိုင်းကို သိစေချင်တာက ခန္ဓာကိုယ်က အနံ့ထွက်တယ်ဆိုတာက ပကတိ သဘာဝအခြေအနေတစ်ခုပါ။ အဲဒါအတွက် စိုးရိမ်စရာမရှိပါဘူး။ အနံ့မကောင်းရင် ကောင်းအောင် လုပ်လို့ရပါတယ်။ အောက်ပါနည်းတွေနဲ့ ပျောက်သွားတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ကိုယ်နံ့နံတာကို ဘယ်လိုပျောက်အောင် လုပ်မလဲမပြောခင် ကိုယ်အနံ့ဖြစ်ပေါ်လာပုံလေး အရင်ပြောချင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed