Thursday, July 29, 2010

မေတ္တာရပ်ခံ အကူညီ တောင်းခံအပ်ပါသည်

ရေးသားသူ — ကိုလူချစ်(ကိုရီးယား)



အထက်ပါ ဓါတ်ပုံရှင် ကိုစိုးထွန်းအတွက် ဆေးဝါးကုသမှု စားရိတ်အား မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ ကိုစိုးထွန်းသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဘူချွှန်းမြို့နှင့် အင်ချွှန်းမြို့ တစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ ယခု ဆေးဝါးကုသမှု မခံယူရမီ အချိန်ထိ ချော်နန်မြို့ အနီးတွင် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။ ကိုစိုးထွန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ည ၁၂နာရီခွဲခန့် အချိန်တွင် ရုတ်တရက် ပါးစပ်မှ အမြုပ်များထွက်ကာ မေ့လဲသွားခဲ့ပါသည်။ အနီးရှိ သူငယ်ချင်း ဖြစ်သူ တစ်ဦးမှ ၁၁၉အား အရေးပေါ် ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ပထမဦးဆုံး နီးစပ်ရာ ချော်နန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သို့သော် ချော်နန်မြို့ရှိ ဆေးရုံမှ လက်မခံသဖြင့် နီးစပ်ရာ ဗြောင်းထက်မြို့ရှိ good morning ဆေးရုံသို့ ပို့ဆောင် ခဲ့ပါသည်။ ထိုဆေးရုံ၏ စမ်းသပ်စစ်ဆေးချက်အရ ၀မ်းဗိုက်ထဲတွင် သွေးများ ပျံနှံ့နေကြောင်း ပြောပြီး မိမိတို့ ဆေးရုံတွင် ကုသနိုင်စွမ်း မရှိဟုဆိုကာ ဆောင်နမ်မြို့အနီးရှိ ဘူန်ဒန်ဆိုးလ်တက္ကသိုလ် ဆေးရုံကြီး (분당 서울대학교병원)သို့ ပြောင်းလဲ ပို့ဆောင်ပေးခဲ့ပါသည်။ ယခုလက်ရှိ ဘူန်ဒန် ဆိုးလ်တက္ကသိုလ်ဆေးရုံရှိ အသည်းအသန်ဖြစ်နေသော လူနာများ ထားရှိသည့် အခန်းတွင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Tuesday, July 20, 2010

အဖေ

ရဲဘော် အောင်ဆန်း
အဖေ့ကို ဒီလိုခေါ်ရင် ဖြင့်
VIP ဘ၀ ကိုမုန်းတဲ့ အဖေက
ဘာလဲ ရဲဘော် လို့ ထူးလိမ့်မယ်။


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Sunday, July 11, 2010

သောက်သုံးရေကန်ဆောက်လုပ်မှုပြီးစီးခြင်း

ကျနော်တို့ MGDSME မှလှူဒါန်းထားသော ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ သောက်သုံးရေကန်တည်ဆောက်မှုပြီးစီးသွားပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။ သောက်သုံးရေကန်တည်ဆောက်မှု ပြီးစီးသွားပြီဖြစ်သဖြင့် ၄င်းသောက်သုံးရေကန်ဖွင့်ပွဲအား 
ယခုလာမည့် လပိုင်း ၂၁ ရက်နေ့(သို့) ၂၂ ရက်နေ့တွင် ရေကန်ဖွင့်ပွဲပြုလုပ်မည်ဟု အဖွဲ့မှသတ်မှတ်ထားပါသဖြင့် အလှူရှင်များ၏ မိသားစုဝင်များအနေဖြင့် ၄င်းဖွင့်ပွဲအားတက်ရောက်ကြပေးကြပါရန်တိုက်တွန်းအပ်ပါသည်။ ကျနော်တို့အဖွဲ့မှာ အဝေးတွင်ရောက်ရှိနေကြသဖြင့် ကိုယ်တိုင်ကိုယ်ကျမပါဝင်နိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါရန် နှင့် ကျနော်တို့ရဲ့အလှူအား မညည်းမငြူလိုက်ပါဆောင်ရွက်ပေးကြသော အလှူရှင်များ၏ မိသားစုဝင်များအား ကျနော်တို့ MGDSME အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ လှူဒါန်းဆောက်လုပ်ပြီးသွားသော သောက်ရေကန်၏ ပုံများကိုအောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Monday, June 28, 2010

ကဲ...လာပြီဗျာ... MGDSME


 ကျနော်တို့ရဲ့ MGDSME ကနေပြီးတော့ အခုလာမယ့် ၇ လပိုင်း ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ မြန်မာအသင်းကဦးဆောင်ပြီးလုပ်ပေးတဲ့ မြန်မာညီအကိုများရဲ့ဘောလုံးပွဲကို ကျနော်တို့ MGDSME အဖွဲ့မှ ညီအကိုများကလဲ ပါဝင်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေပါတယ်ဗျား.....ဒီ ဘောလုံးအသင်းကို ဦးဆောင်စည်းရုံးခဲ့သူကတော့ ကျနော်တို့အားလုံးသိကြတဲ့ ကိုသန်းထိုက်စိုး (၂ ပေါင်) ဖြစ်ပြီး...ဘောလုံးအသင်းရဲ့ နည်းပြအဖြစ်လဲတစ်ဖုံ ၊ အသင်းခေါင်းဆောင်အဖြစ်လဲတစ်မျိုး တာဝန်ယူပေးနေသူကတော့ ကျနော်တို့ရဲ့မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းဖြစ်တဲ့ ကိုနေသူလှိုင် ဖြစ်ပါတယ်...ကျနော်တို့ရဲ့ဘောလုံးအသင်းရဲ့ လေ့ကျင့်နေတဲ့ပုံလေးများကို  အောက်တွင်ဆက်လက်ကြည့်ရှုအားပေးကြပါဦး......
  
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Tuesday, June 22, 2010

ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီယုံမှတ်၍ ပုံအပ်မိသူ အီးနိုင်းကိုကို ဒုက္ခရောက်သွားပြန်ပြီ

ဗီဇာတိုးမရပါ
ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီကို ယုံမှတ်၍ ပုံအပ်မိခဲ့သူ မြန်မာအီးနိုင်း(E-9) အလုပ်သမားတစ်ဦး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက ဗီဇာသက်တမ်း တိုးပေးရန် ငြင်းဆန်နေသဖြင့် ဒုက္ခရောက်နေကြောင်း သိရသည် ။
ခေတ်မီသူတိုင်း ပွဲစားဖြင့်အလုပ်ရှာကြသည်။
ဖြစ်စဉ်မှာ ၊ အဆိုပါ မြန်မာအီးနိုင်းအလုပ်သမားသည် မူလအလုပ်ရုံမှ အလုပ်ပြောင်းရွှေ့ရာတွင် မိမိအစီအစဉ်ဖြင့် အလုပ်သစ်ရှာဖွေရန် အခက်အခဲရှိသဖြင့် ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီတစ်ခုကို ပွဲစားခပေး၍ အလုပ်သစ်ရှာခဲ့သည်ဟုဆိုသည် ။
အလုပ်ပွဲစားကုမ္ပဏီက ရှာဖွေပေးသည့် အလုပ်ရှင်သစ်နှင့် အလုပ်စာချုပ်ချုပ်ခဲ့ပြီး ၊ အလုပ်ရှင်သစ်ကလည်း အလုပ်ရုံတစ်ခုတွင် အလုပ်ခိုင်းစေခဲ့သည်ဟုဆိုသည် ။ ဗီဇာ သက်တမ်းကုန်ဆုံးချိန် ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ခဲ့ရာ ၊ ၄င်းချုပ်ဆိုခဲ့သော အလုပ်စာချုပ်မှာ တရားမဝင်ဟုဆိုကာ ဗီဇာသက်တမ်းတိုးပေးရန် ငြင်းဆန်ခြင်းခံနေရသည်ဟု ဆိုပါသည် ။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Wednesday, June 09, 2010

2010 FIFA World Cup Songs



 မင်္ဂလာပါ MGDSME ရဲ့သူငယ်ချင်းများခင်ဗျာ။ ကျနော်လဲ ဘလော့ဂ်ကိုပစ်ထားတာအတော်လေးကိုကြာ သွားပြီနော်။ ပထမဦးဆုံး တောင်းပန်စကားပြောချင်ပါတယ်။ ဘလော့ဂ်ကိုပစ်ထားရတဲ့အကြောင်းတွေထဲမှာ သူငယ်ချင်းတို့ရဲ့ Comment မရမှုတွေ၊ Cbox ထဲမှာ စာမရေးတာတွေကလဲ ၅၀ ရာခိုင်နှုန်းလောက်ပါတယ်။ ထားလိုက်ပါ။ ကျနော်တို့ မျှဝေပေးလိုက်တဲ့ အချက်အလက်အကြောင်းအရာတွေကို သူငယ်ချင်းတို့ ဘယ် လောက်ခံစားမိသလဲ ၊ သူငယ်ချင်းတို့ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာကို မသိရတော့ ကျနော်တို့ လဲ လုပ်ရတာခက်ခဲနေတယ်ဗျာ။ ကျေးဇူးပြုပြီး Comment  စာတကြောင်းလောက်တော့ ရေးပေးကြပါနော်။ ကဲ ကျနော်တို့ 2010 FIFA World Cup ကလည်းနီးလာတော့ သူငယ်ချင်းတွေအတွက် 2010 FIFA World Cup Songs တွေကိုမျှဝေပေးလိုက်ပါတယ်နော်။ File က .rar နဲ့ဖြစ်တဲ့အတွက် နည်းနည်းတော့အလုပ်ရှုပ်သွား နိုင်တယ်။ တကယ်လို့အဆင်မပြေကြရင်လဲ ကျနော့ကိုပြန်ပြောပေးကြပါနော်။ အဆင်ပြေအောင်လုပ်ပေးပါ့ မယ်ခင်ဗျာ။ ကဲ သီချင်းလေးတွေကိုနားထောင်ဖို့အတွက် ပထမဦးဆုံး Download လုပ်လိုက်ကြပါဦးနော်။


သူငယ်ချင်းများအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

လေးစားစွာဖြင့်
H.L.T
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Saturday, May 22, 2010

Intel Core i Series CPU များ (သို့ )intel ရဲ့ ဖိုက်တာများ။



Intel ရဲ့  Nehelem နည်းပညာကိုအခြေခံထားတဲ့ Core Series တွေ CPU လောကကိုစိုးမိုးနေတာအားလုံးအသိပဲဖြစ်မှာပါ။
Core Series CPU အကြောင်းကိုမပြောခင်မှာ အရင်ဆုံးသိထားရမယ့် အခေါ်အဝေါ်လေးတွေကိုအရင်ပြောသွားပါမယ်။
အဲဒါတွေကတော့…..
၁။ Die ( integrated circuit ) Wafer ဆိုတဲ့ Silicon ကနေ CPU လုပ်ရန်ဖြတ်ထုတ်လိုက်တဲ့ Integrated Circuit ကို Die လို့ ခေါ်တာပါ။
၂။ Core ဆိုတာ Die တစ်ခု ပေါ်မှာတည်ဆောက်ထားတဲ့ CPU Chip တစ်ခု (သို့ မဟုတ်) CPU တစ်လုံးအတွက်အဓိကအကျဆုံးအစိတ်အပိုင်း (သို့ မဟုတ်) Real Processing Unit
၃။ Thread ဆိုတာ လမ်းကြောင်း သို့ လုပ်ဆောင်မှု့ တစ်ခုပါ။
၎။ Hyper Threading Technology ဆိုတာ Thread လမ်းကြောင်းနှစ်ခုကို Processor ( Core ) တစ်ခုတည်းပေါ်မှာအပြိုင်သွားလာစေရန်ဆောင်ရွက်ပေးသည်။
၅။ Multi Core ဆိုတာ Die တစ်ခုပေါ်မှာ တစ်ခုထက်ပိုသော Core တွေကိုထည့်သွင်းတည်ဆောက်သည့်နည်းပညာကိုခေါ်သည်။

၆။ Cache ဆိုသည်မှာ CPU တွင် Core များအလုပ်လုပ်ရန်အတွက်အသုံးပြုသော(ထည့်သွင်းတည်ဆောက်ထားသော) Static Memory
၇။ Turbo Boost Technology ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ Core များစွာပါပေမယ့် Application တစ်ခု Run နေစဉ်မှာ Core တစ်ခုသာလိုအပ်မယ်ဆိုရင် Core တစ်ခုတည်းနဲ့ပဲလုပ်ဆောင် ပေးပြီးတော့ တစ်ခုထက်ပိုသောCore လိုအပ်တယ်ဆိုမှ Auto ထုတ်သုံးတဲ့နည်းပညာဖြစ်တဲ့အတွက် Performance ပိုင်းအတွက်စိတ်ချရပြီးတော့ ပါဝါစားသုံးမှု့ ကိုလည်းချွေတာရာရောက်စေတဲ့နည်းပညာပါ။
၈။ Smart Cache ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ CPU ထဲမှာပါတဲ့ Cache Memroy တွေဟာ လိုအပ်လျှင် Dynamically ပေါင်းစပ်ပြီးတော့ Performance ကိုပိုမိုကောင်းမွန်စေပါတယ်။
၉။ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့ Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Hyper Transport လုပ်နိုင်ပါတယ်။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Friday, May 21, 2010

ရေအစား "တံတွေး" ကိုသာမျိုနေကြရသူများ

 
ရေချိုးပြီးပြန်အလာ အ၀တ်အစားလဲအပြီး ကွန်ပျူတာရှေ့ထိုင်လိုက်တော့မှ ရေချိုးထား သည့်အအေးဓါတ် ကလေးရထား၍ အတော်လေးနေသာထိုင်သာရှိသွားသည်။ 

"သြော်၊ နွေရာသီတောင်ရောက်လာပြီနော်......."

နွေရာသီအကြောင်းတွေးမိ၍ ကျနော်တို့အမိမြန်မာနိုင်ငံကြီးကိုသတိရသွားသည်။ စိတ်မသက်သာစရာ၊ ပူဆွေး ၀မ်းနည်းစရာအကြောင်းများ ခေါင်းထဲရောက်လာသည်။ ဒါပေမယ့်လည်း မတွေးဘူးဟု လျစ်လျူမရှုနိုင်။ နဂိုကတည်းကမှ ပူပြင်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ။ ဒီနှစ်မှာ အပူလွန်၊ မိုးမရွာ ........ 
လွန်ခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့်တွေ့၍ စကားခဏပြောရာတွင်၊ ထိုသူငယ်ချင်းမှ
" ဟေ့ကောင်၊ မင်းအင်းလေးအိုင်ပုံမြင်ပြီးပြီလား....." ဟုမေးလာသည်။ ကျနော်က " အင်းလေးအိုင်ဘာဖြစ် လို့လဲကွ၊ မင်းကလဲ ထူးထူးဆန်းဆန်း." ဟုပြန်ပြောရာ သူက " အင်းလေးအိုင် ရေခန်းတဲ့ပုံလေ၊ မြင်မကောင်း ဘူး ... " ဟုထပ်ပြောပါသည်။ ကျနော်က " ဟုတ်ရဲ့လားကွ ၊ မင်းငါ့ကိုလာစားနေတာမဟုတ်လား..." ဆိုပြီး ပြန်ပြောလိုက်ပါသည်။ အဲဒီအခါ သူငယ်ချင်းက " မင်းရဲ့မေးလ်ကို ငါပုံပို့ပေးလိုက်မယ် ၊ မင်းအခန်းပြန်ပြီးဖွင့် ကြည့်လိုက်..." ဟုပြောပြီး သူ့အခန်းကိုပြန်သွားပါသည်။

ကျနော်လည်းအခန်းကိုပြန်ရောက်သည့်အချိန်တွင် ကျနော့မေးလ်ကိုဖွင့်ကြည့်ရာ ထိုသူငယ်ချင်းပို့ပေးလိုက် သောပုံများကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးအိုင်ဖြစ်သော အင်းလေးအိုင် ၏ ယနေ့ဖြစ်ပျက် နေသော ပုံများကိုကြည့်ရသည်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင် ......... 


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed