ကျနော်တို့ MGDSME မှလှူဒါန်းထားသော ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ သောက်သုံးရေကန်တည်ဆောက်မှုပြီးစီးသွားပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။ သောက်သုံးရေကန်တည်ဆောက်မှု ပြီးစီးသွားပြီဖြစ်သဖြင့် ၄င်းသောက်သုံးရေကန်ဖွင့်ပွဲအား
ယခုလာမည့် ၇ လပိုင်း ၂၁ ရက်နေ့(သို့) ၂၂ ရက်နေ့တွင် ရေကန်ဖွင့်ပွဲပြုလုပ်မည်ဟု အဖွဲ့မှသတ်မှတ်ထားပါသဖြင့် အလှူရှင်များ၏ မိသားစုဝင်များအနေဖြင့် ၄င်းဖွင့်ပွဲအားတက်ရောက်ကြပေးကြပါရန်တိုက်တွန်းအပ်ပါသည်။ ကျနော်တို့အဖွဲ့မှာ အဝေးတွင်ရောက်ရှိနေကြသဖြင့် ကိုယ်တိုင်ကိုယ်ကျမပါဝင်နိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါရန် နှင့် ကျနော်တို့ရဲ့အလှူအား မညည်းမငြူလိုက်ပါဆောင်ရွက်ပေးကြသော အလှူရှင်များ၏ မိသားစုဝင်များအား ကျနော်တို့ MGDSME အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ လှူဒါန်းဆောက်လုပ်ပြီးသွားသော သောက်ရေကန်၏ ပုံများကိုအောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။
Showing posts with label MGDSME၏လှုပ်ရှားမှုများ. Show all posts
Showing posts with label MGDSME၏လှုပ်ရှားမှုများ. Show all posts
Sunday, July 11, 2010
Thursday, May 20, 2010
သောက်ရေကန်အလှူ ၊ လှူဒါန်းပြီးစီးခြင်း
ကျနော် အရင်တခါတုန်းက ဖေါ်ပြဖူးခဲ့တဲ့ မှော်အိုင်ရွာက ရေကန်အလှူကိစ္စကိုမှတ်မိကြတယ်ဟုတ် ... ? အခု အဲဒီရေကန်အလှူကို လှူဒါန်းပြီးတဲ့အတွက် အလှူရှင်စာရင်းနှင့်တကွ အလှူငွေပေးအပ်တဲ့ မှတ်တမ်းဓါတ်ပုံ များကို ဖေါ်ပြပေးလိုက်ပါတယ်နော်။ ကျနော်တို့အစပထမဦးဆုံး ဆုံးဖြတ်စဉ်က အဖွဲ့ရဲ့အမာခံ သူငယ်ချင်း တစုကနေ ကုန်ကျစရိတ်အားလုံးကို အချိုးကျထည့်ဝင်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ကြသော်လည်း အလှူရှင်သူ ငယ်ချင်းများ၏ စေတနာသဒ္ဓါတရားကြောင့် ကျနော်တို့အမာခံသူငယ်ချင်းတစုမှာ ထင်ထားသလောက် အလှူ ငွေများများစားစားစိုက်ထုတ်လိုက်ရခြင်းမရှိခဲ့ပါ။ အဓိကကျနော်ပြောချင်သည်မှာ အလှူရှင်သူငယ်ချင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် သူငယ်ချင်းတို့၏ လူသားချင်းကြင်နာသနား၍ ကူညီပေးသော စိတ်ဓါတ်အား လေးစားဂုဏ်ယူမိပါကြောင်း ပြောကြားလိုရင်းဖြစ်ပါသည်။ ကဲ...........
Sunday, April 18, 2010
MGDSME နှစ်ဆန်း ၁ ရက်နေ့အမှတ်တရ
ရာသီဥတုအခြေအနေ၊အလုပ်ခွင်အခြေအနေ၊အခြားအခက်အခဲအမျိုးမျိုးတို့ရှိခဲ့သော်လည်း စီစဉ်ထားသည့်
အတိုင်း ကျနော်တို့ MGDSME အဖွဲ့၏နှစ်ဆန်း၁ရက်နေ့ပျော်ပွဲရွှင်ပွဲကလေးကိုဖြစ်မြောက်အောင်မြင်အောင်
စီစဉ်နိုင်ခဲ့ပါသည်။ဤပွဲကလေးဖြစ်မြောက်အောင်စည်းစည်းလုံးလုံး ပါဝင်ကူညီပေးခဲ့ကြသော MGDSME အဖွဲ့
သားညီအကိုများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးလူမှုကူညီရေးလုပ်ငန်းများကိုယခု
ထက်ပို၍စည်းစည်းလုံးလုံးဆောင်ရွက်ပေးကြပါမည်ဟုဆန္ဒပြုလိုက်ပါသည်။
Monday, April 12, 2010
MGDSME ၏ နှစ်သစ်ကူးပျော်ရွှင်စရာအစီအစဉ်
DSMEမြန်မာအသင်းအနေဖြင့်မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော2010.April.17(SAT)တွင်အသင်းသား
များစုပေါင်း၍ဂေါ်ဂျယ်ကျွန်းစု၊ဂူဂျိုရာ구조라ကမ်းခြေ၌ပျော်ရွှင်စွာတွေ့ဆုံ ပြီးမြန်မာနှစ်သစ်ကိုအတူတကွ
ကြိုဆိုကြမည်ဖြစ်ပါသည်။
Saturday, April 03, 2010
MGDSME GROUP'S AIM
ဤရည်ရွယ်ချက် ၊ ဦးတည်ချက်နှင့် စည်းကမ်းချက်များမှာ အတည်မပြုရသေးပါသဖြင့် ဖြည့်ဆွက်ထုတ်နှုတ် လိုသည့်အချက်များရှိခဲ့ပါက MGDSME အဖွဲ့သို့တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ mgdsme@gmail.com သို့စာဖြင့်ဆက်သွယ်၍ဖြစ်စေ၊ နည်းလမ်း ၂ ရပ်စလုံးကိုအသုံးပြုခြင်းဖြစ်စေ အကြံပြုဝေဖန်နိုင်ပါသည်။
Mgdsme Group's Aim
Mgdsme Group's Aim
Friday, April 02, 2010
အမှတ်တရ (၃)
လာပြန်ပြီ အမှတ်တရ (၃) တဲ့ ဟုတ်ကဲ့ ဒါကတော့ ကျနော်တို့မနှစ်က (2009.March.14)
ရက်နေ့ကပြုလုပ်တဲ့ ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ ရဲ့တရားပွဲပါ။
ရလဲရနိုင်တဲ့ အမှတ်တရဆိုပြီးတော့ အပြစ်တင်မစောပါနဲ့ဦးနော်။ နောက်မှာလဲ အမှတ်တရ
တွေအများကြီးကျန်နေသေးတယ်ခင်ဗျ။(အဟက်ဟက်) ငယ်ငယ်ကတည်းကအိမ်စာမှန်မှန်
မလုပ်တတ်တဲ့ကျနော့အကျင့်ကြောင့် အခုလည်းအကြွေးတွေအများကြီးကျန်နေတယ်ဗျာ။
ခွင့်လွှတ်ပေးကြပါနော်။ (ခွင့်မလွှတ်လည်းတယောက်တည်းစိတ်ဆိုးနေဗျာ:P)
ဒါပဲဗျာနော် အမှတ်တရ (၄) မှာထပ်ဆုံကြတာပေါ့။ တာ့တာ။
Tuesday, March 30, 2010
အမှတ်တရ (၂)
ဒါကတော့ ပထမအကြိမ် ဖူဖျောင်းက ဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား) အလှူမှတ်တမ်းဓါတ်ပုံတွေပါ။ အားလုံးတင်ရင်အဆင်မပြေနိုင်လို့ ကောင်းနိုးရာရာ ဓါတ်ပုံလေးတွေပဲရွေးပြီးတင်ပေးလိုက်တယ်နော်။ ခြေလှမ်းဟောင်းတွေကိုပြန်ကြည့်၊ ပီတီဖြစ်ကျေနပ်ပြီး ခြေလှမ်းသစ်တွေအများကြီးလျှောက်လှမ်းကြရအောင်။
အမှတ်တရ
ကြာတော့ကြာခဲ့ပေမယ့် ကျနော်တို့ရဲ့ဖြစ်ဖြစ်မြောက်မြောက်ပထမဦးဆုံးခြေလှမ်း တစ်ခုအဖြစ် အမြဲတမ်း အမှတ်တရသတိရနေကြဦးမယ်လို့ ကျနော်ယူဆပါတယ်။ နောက်ထပ်နောက်ထပ်ခြေလှမ်းတွေကိုလည်း အမြန်ဆုံးအနေနဲ့ သူငယ်ချင်းတို့ရှေ့ကို ပို့ပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်လို့ပြောရင်းနဲ့ .........။
Subscribe to:
Posts (Atom)









