Friday, May 21, 2010

ရေအစား "တံတွေး" ကိုသာမျိုနေကြရသူများ

 
ရေချိုးပြီးပြန်အလာ အ၀တ်အစားလဲအပြီး ကွန်ပျူတာရှေ့ထိုင်လိုက်တော့မှ ရေချိုးထား သည့်အအေးဓါတ် ကလေးရထား၍ အတော်လေးနေသာထိုင်သာရှိသွားသည်။ 

"သြော်၊ နွေရာသီတောင်ရောက်လာပြီနော်......."

နွေရာသီအကြောင်းတွေးမိ၍ ကျနော်တို့အမိမြန်မာနိုင်ငံကြီးကိုသတိရသွားသည်။ စိတ်မသက်သာစရာ၊ ပူဆွေး ၀မ်းနည်းစရာအကြောင်းများ ခေါင်းထဲရောက်လာသည်။ ဒါပေမယ့်လည်း မတွေးဘူးဟု လျစ်လျူမရှုနိုင်။ နဂိုကတည်းကမှ ပူပြင်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ။ ဒီနှစ်မှာ အပူလွန်၊ မိုးမရွာ ........ 
လွန်ခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့်တွေ့၍ စကားခဏပြောရာတွင်၊ ထိုသူငယ်ချင်းမှ
" ဟေ့ကောင်၊ မင်းအင်းလေးအိုင်ပုံမြင်ပြီးပြီလား....." ဟုမေးလာသည်။ ကျနော်က " အင်းလေးအိုင်ဘာဖြစ် လို့လဲကွ၊ မင်းကလဲ ထူးထူးဆန်းဆန်း." ဟုပြန်ပြောရာ သူက " အင်းလေးအိုင် ရေခန်းတဲ့ပုံလေ၊ မြင်မကောင်း ဘူး ... " ဟုထပ်ပြောပါသည်။ ကျနော်က " ဟုတ်ရဲ့လားကွ ၊ မင်းငါ့ကိုလာစားနေတာမဟုတ်လား..." ဆိုပြီး ပြန်ပြောလိုက်ပါသည်။ အဲဒီအခါ သူငယ်ချင်းက " မင်းရဲ့မေးလ်ကို ငါပုံပို့ပေးလိုက်မယ် ၊ မင်းအခန်းပြန်ပြီးဖွင့် ကြည့်လိုက်..." ဟုပြောပြီး သူ့အခန်းကိုပြန်သွားပါသည်။

ကျနော်လည်းအခန်းကိုပြန်ရောက်သည့်အချိန်တွင် ကျနော့မေးလ်ကိုဖွင့်ကြည့်ရာ ထိုသူငယ်ချင်းပို့ပေးလိုက် သောပုံများကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးအိုင်ဖြစ်သော အင်းလေးအိုင် ၏ ယနေ့ဖြစ်ပျက် နေသော ပုံများကိုကြည့်ရသည်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင် ......... 


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed