သူငယ်ချင်းတို့ရေ နေကောင်းစားဝင်အိပ်ပျော်ကြတယ်ဟုတ်? သီချင်းအသစ်လေးတွေ့လာတယ် အဟက် ဟက် (ကိုယ်နားမထောင်ရသေးရင်အသစ်ပဲ)။ ဘယ်အဆိုတော် ဆိုမှန်းလဲသိဘူး။ သီချင်းလေးကနားထောင် လို့အဆင်ပြေတယ်ဗျ။ အဲဒါကြောင့် ကျနော့ရဲ့ချစ်သူငယ်ချင်းတွေလဲနားထောင်ရအောင် စာသားတွေကို အတင်းမရမက လိုက်ရေးချပြီး ဒီသီချင်းလေးကို ပြန် Share ပေးလိုက်တယ်နော်။ နားထောင်ကြည့်.........
Showing posts with label မှတ်မှတ်ရရသီချင်းများ. Show all posts
Showing posts with label မှတ်မှတ်ရရသီချင်းများ. Show all posts
Wednesday, May 05, 2010
Wednesday, April 21, 2010
အလွမ်းပြေအနမ်း
မနေ့ညကဘလော့ဂ်အတွက်ပို့စ်ရေးသလိုလို၊စာဖတ်သလိုလို၊ဗွီဒီယိုကြည့်သလိုလိုနဲ့ဘာမှန်းမသိဗျာများနေ
တဲ့အချိန်မှာအခန်းဖေါ်အကိုကြီးရဲ့ကွန်ပျူတာကနေသီချင်းတပုဒ်ကိုနားထောင်လိုက်ရတယ်။သီချင်းနာမည်မ သိ သီချင်းအဆိုတော်လည်းဘယ်သူမှန်းမသိပေမယ့်သီချင်းလေးကတော့နားထောင်လို့တော်တော်ကောင်း
တယ်ဗျာ။ကျနော်လဲ အဲဒီအကိုကြီးကို အကိုအဲဒီသီချင်းကျနော့ကိုပေးဗျာလို့တောင်းတော့မှ သူကဖြေတယ်
"ငါလဲမသိဘူး..အဖြူရောင်သံစဉ်ကနေနားထောင်နေတာ.." တဲ့ သေရောကွာ ဆိုပြီးတွေးနေတုန်း။ အကိုကြီး
ကခဏနေတော့ အဲဒီသီချင်းကိုပို့ပေးလာတယ် ကျနော်လဲဝမ်းသာအားရပေါ့ သိတယ်မဟုတ်လား (အဟက်
ဟက်)။သူကလဲ အဖြူရောင်သံစဉ်ရဲ့ လက်ရှိ DJ ကိုသွားဒုက္ခပေးလာတာတဲ့။ ဘာပဲဖြစ်ဖြစ် အဓိကက ကျနော်ရဖို့ပဲလေ သိတယ်ဟုတ် စိတ်ဓါတ်က တခြမ်းစောင်းလေ :P ။ကဲဘာမဟုတ်တာတွေနဲ့ရှည်ကုန်ပြီ။ အဓိကကသီချင်းလေးကိုပြန် Share ပေးတာပါ။ နားထောင်ကြည့်ပေါ့ဗျာ။
Subscribe to:
Posts (Atom)







