Monday, June 28, 2010
ကဲ...လာပြီဗျာ... MGDSME
ကျနော်တို့ရဲ့ MGDSME ကနေပြီးတော့ အခုလာမယ့် ၇ လပိုင်း ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ မြန်မာအသင်းကဦးဆောင်ပြီးလုပ်ပေးတဲ့ မြန်မာညီအကိုများရဲ့ဘောလုံးပွဲကို ကျနော်တို့ MGDSME အဖွဲ့မှ ညီအကိုများကလဲ ပါဝင်ယှဉ်ပြိုင်ဖို့ လေ့ကျင့်နေပါတယ်ဗျား.....ဒီ ဘောလုံးအသင်းကို ဦးဆောင်စည်းရုံးခဲ့သူကတော့ ကျနော်တို့အားလုံးသိကြတဲ့ ကိုသန်းထိုက်စိုး (၂ ပေါင်) ဖြစ်ပြီး...ဘောလုံးအသင်းရဲ့ နည်းပြအဖြစ်လဲတစ်ဖုံ ၊ အသင်းခေါင်းဆောင်အဖြစ်လဲတစ်မျိုး တာဝန်ယူပေးနေသူကတော့ ကျနော်တို့ရဲ့မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းဖြစ်တဲ့ ကိုနေသူလှိုင် ဖြစ်ပါတယ်...ကျနော်တို့ရဲ့ဘောလုံးအသင်းရဲ့ လေ့ကျင့်နေတဲ့ပုံလေးများကို အောက်တွင်ဆက်လက်ကြည့်ရှုအားပေးကြပါဦး......
Tuesday, June 22, 2010
ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီယုံမှတ်၍ ပုံအပ်မိသူ အီးနိုင်းကိုကို ဒုက္ခရောက်သွားပြန်ပြီ
Posted by ကိုဝိုင်း (မိုးညှင်း) at 6:07 PM
ဗီဇာတိုးမရပါ
ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီကို ယုံမှတ်၍ ပုံအပ်မိခဲ့သူ မြန်မာအီးနိုင်း(E-9) အလုပ်သမားတစ်ဦး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက ဗီဇာသက်တမ်း တိုးပေးရန် ငြင်းဆန်နေသဖြင့် ဒုက္ခရောက်နေကြောင်း သိရသည် ။
ခေတ်မီသူတိုင်း ပွဲစားဖြင့်အလုပ်ရှာကြသည်။
ဖြစ်စဉ်မှာ ၊ အဆိုပါ မြန်မာအီးနိုင်းအလုပ်သမားသည် မူလအလုပ်ရုံမှ အလုပ်ပြောင်းရွှေ့ရာတွင် မိမိအစီအစဉ်ဖြင့် အလုပ်သစ်ရှာဖွေရန် အခက်အခဲရှိသဖြင့် ကိုရီးယားအလုပ်ပွဲစားကုမ္ပဏီတစ်ခုကို ပွဲစားခပေး၍ အလုပ်သစ်ရှာခဲ့သည်ဟုဆိုသည် ။
အလုပ်ပွဲစားကုမ္ပဏီက ရှာဖွေပေးသည့် အလုပ်ရှင်သစ်နှင့် အလုပ်စာချုပ်ချုပ်ခဲ့ပြီး ၊ အလုပ်ရှင်သစ်ကလည်း အလုပ်ရုံတစ်ခုတွင် အလုပ်ခိုင်းစေခဲ့သည်ဟုဆိုသည် ။ ဗီဇာ သက်တမ်းကုန်ဆုံးချိန် ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက်ခဲ့ရာ ၊ ၄င်းချုပ်ဆိုခဲ့သော အလုပ်စာချုပ်မှာ တရားမဝင်ဟုဆိုကာ ဗီဇာသက်တမ်းတိုးပေးရန် ငြင်းဆန်ခြင်းခံနေရသည်ဟု ဆိုပါသည် ။

Wednesday, June 09, 2010
2010 FIFA World Cup Songs
မင်္ဂလာပါ MGDSME ရဲ့သူငယ်ချင်းများခင်ဗျာ။ ကျနော်လဲ ဘလော့ဂ်ကိုပစ်ထားတာအတော်လေးကိုကြာ သွားပြီနော်။ ပထမဦးဆုံး တောင်းပန်စကားပြောချင်ပါတယ်။ ဘလော့ဂ်ကိုပစ်ထားရတဲ့အကြောင်းတွေထဲမှာ သူငယ်ချင်းတို့ရဲ့ Comment မရမှုတွေ၊ Cbox ထဲမှာ စာမရေးတာတွေကလဲ ၅၀ ရာခိုင်နှုန်းလောက်ပါတယ်။ ထားလိုက်ပါ။ ကျနော်တို့ မျှဝေပေးလိုက်တဲ့ အချက်အလက်အကြောင်းအရာတွေကို သူငယ်ချင်းတို့ ဘယ် လောက်ခံစားမိသလဲ ၊ သူငယ်ချင်းတို့ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာကို မသိရတော့ ကျနော်တို့ လဲ လုပ်ရတာခက်ခဲနေတယ်ဗျာ။ ကျေးဇူးပြုပြီး Comment စာတကြောင်းလောက်တော့ ရေးပေးကြပါနော်။ ကဲ ကျနော်တို့ 2010 FIFA World Cup ကလည်းနီးလာတော့ သူငယ်ချင်းတွေအတွက် 2010 FIFA World Cup Songs တွေကိုမျှဝေပေးလိုက်ပါတယ်နော်။ File က .rar နဲ့ဖြစ်တဲ့အတွက် နည်းနည်းတော့အလုပ်ရှုပ်သွား နိုင်တယ်။ တကယ်လို့အဆင်မပြေကြရင်လဲ ကျနော့ကိုပြန်ပြောပေးကြပါနော်။ အဆင်ပြေအောင်လုပ်ပေးပါ့ မယ်ခင်ဗျာ။ ကဲ သီချင်းလေးတွေကိုနားထောင်ဖို့အတွက် ပထမဦးဆုံး Download လုပ်လိုက်ကြပါဦးနော်။
သူငယ်ချင်းများအားလုံး အစစအရာရာ အဆင်ပြေချောမွေ့ ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
လေးစားစွာဖြင့်
H.L.T
Subscribe to:
Posts (Atom)