Thursday, April 15, 2010

၂၀၁၀ ရန်ကုန်သင်္ကြန်ဗုံးကွဲမှုသတင်း

ကန်တော်ကြီးက X2O မဏ္ဍပ်မှာဗုံးပေါက်ကွဲတယ်။ ၂လုံး (သို့) ၃လုံးပေါက်တယ်။မဏ္ဍပ်ပေါ်
မှာပေါက်တာမဟုတ်ပဲမဏ္ဍပ်အောက်မှာပေါက်တာဖြစ်တယ်။ပထမတော့လူတွေကDJလုပ်
တယ်ထင်ပြီးသိပ်သတိမထားလိုက်မိကြပေမယ့်။နောက်အလုံးတွေမှာလူတွေဝရုန်းသုန်းကား
ထွက်ပြေးကြတယ်။X2O မဏ္ဍပ်ဟာလူစည်ကားတဲ့မဏ္ဍပ်လို့လည်းသိရတယ်။ထွက်ပြေးရင်း
နဲ့ထိခိုက်ဒဏ်ရာရရှိသူဦးရေမနည်းသလို ကွဲတဲ့နေရာမှာရှိနေကြတဲ့လူ ၄၊၅ ယောက်သေဆုံး
တယ်လို့သိရတယ်။
စစချင်းလူတွေထွက်ပြေးချိန်မှာ သေနတ်ပစ်သလိုလို၊ထရန်စဖော်မာပေါက်သလိုလိုမရေမရာ
သတင်းတွေဖြစ်လာပေမယ့် ခဏနေလုံခြုံရေးတွေ၊ရဲတွေ၊လူနာတင်ယာဉ်တွေရောက်လာပြီး
မဏ္ဍပ်ပေါ်ကလူတွေကို အောက်ဆင်းခိုင်းပြီး မဏ္ဍပ်ပတ်ပတ်လည်လုံခြုံရေးရယူလိုက်ကြတယ်။
အနီးအနားက Black Culture, Black Jack, 16.9, စတဲ့မဏ္ဍပ်တွေလည်းပိတ်လိုက်ကြရပြီး
လူနာတင်ကားပေါ်မှာအမျိုးသမီးငယ် ၈ ဦးခန့်ပါသွားတာကိုမြင်လိုက်ကြရတယ်။မဏ္ဍပ်ပေါ်
ကဆင်းလာကြတဲ့လူများနှင့်မဏ္ဍပ်အနီးအနားရှိဈေးသည်များ၏ပြန်လည်ပြောပြချက်အရဗုံးကွဲ
တယ်လို့အတည်ပြုလိုက်နိုင်ပါတယ်။



အခင်းဖြစ်တဲ့ X2O


အခင်းဖြစ်တဲ့ X2O


မဏ္ဍပ်မှာ လူတွေ ပြေးပြီ


ပြည်သူ့ရဲများ


ရဲတွေ အလုပ်ရှုပ်ပြီ


လူတွေအားလုံး လစ်ကြပြီ


ရဲတွေလည်း ဘာလိုက်လို့ လိုက်ရမှန်းမသိ


လူနာတင်ယာဉ်


လူနာတင်ယာဉ်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အထဲမှာ ကောင်မလေး ရှစ်ယောက်လောက်


အခင်းဖြစ်တဲ့ X2O မဏ္ဍပ်




မဏ္ဍပ်ရှေ့မှာ လုံခြုံရေး အပြည့်


သေဆုံး ဒဏ်ရာရသူတွေကို သယ်ပြီ


ဒီထက်ပိုပြီး အနားကပ်မရ


တခြားမဏ္ဍပ်တွေလည်း ဘာဖြစ်မှန်းမသိ ဘာလုပ်ရမှန်းမသိ


လူနာတင်ယာဉ်လည်း ခက်ခက်ခဲခဲ လာရတယ်


စွမ်းအားရှင်တွေရော ရဲတွေရော


လူ/ကား ဘာကိုမှ ဖြတ်ခွင့် မပြုတော့


ရဲတွေ ရောက်လာတာ မြန်တယ်




ထွက်ပြေးကြတော့ လူပိပြီး ဒဏ်ရာရတဲ့သူတင် မနည်းဘူး


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


ရဲကားတွေလာတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်


လုံခြုံရေးရဲများ


လူတွေလည်း ဘာဖြစ်မှန်း သေချာမသိတော့ အုံကြည့်နေတာပဲ


မှတ်ချက်။
ကိုညီလင်းဆက်၏ဘလော့ဂ်မှပြန်လည်ကူးယူဖော်ပြပါသည်။
မည်သူမည်ဝါခွဲသည်မခွဲသည်ကို ထင်ကြေးမပေးလိုပါ။
မိမိ၏ခံစားချက်အတိုင်းထင်မြင်ယူဆနိုင်ပါသည်။


H.L.T
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment