မနေ့ညကဘလော့ဂ်အတွက်ပို့စ်ရေးသလိုလို၊စာဖတ်သလိုလို၊ဗွီဒီယိုကြည့်သလိုလိုနဲ့ဘာမှန်းမသိဗျာများနေ
တဲ့အချိန်မှာအခန်းဖေါ်အကိုကြီးရဲ့ကွန်ပျူတာကနေသီချင်းတပုဒ်ကိုနားထောင်လိုက်ရတယ်။သီချင်းနာမည်မ သိ သီချင်းအဆိုတော်လည်းဘယ်သူမှန်းမသိပေမယ့်သီချင်းလေးကတော့နားထောင်လို့တော်တော်ကောင်း
တယ်ဗျာ။ကျနော်လဲ အဲဒီအကိုကြီးကို အကိုအဲဒီသီချင်းကျနော့ကိုပေးဗျာလို့တောင်းတော့မှ သူကဖြေတယ်
"ငါလဲမသိဘူး..အဖြူရောင်သံစဉ်ကနေနားထောင်နေတာ.." တဲ့ သေရောကွာ ဆိုပြီးတွေးနေတုန်း။ အကိုကြီး
ကခဏနေတော့ အဲဒီသီချင်းကိုပို့ပေးလာတယ် ကျနော်လဲဝမ်းသာအားရပေါ့ သိတယ်မဟုတ်လား (အဟက်
ဟက်)။သူကလဲ အဖြူရောင်သံစဉ်ရဲ့ လက်ရှိ DJ ကိုသွားဒုက္ခပေးလာတာတဲ့။ ဘာပဲဖြစ်ဖြစ် အဓိကက ကျနော်ရဖို့ပဲလေ သိတယ်ဟုတ် စိတ်ဓါတ်က တခြမ်းစောင်းလေ :P ။ကဲဘာမဟုတ်တာတွေနဲ့ရှည်ကုန်ပြီ။ အဓိကကသီချင်းလေးကိုပြန် Share ပေးတာပါ။ နားထောင်ကြည့်ပေါ့ဗျာ။
ဟူး..ဟူး..ဟူး..
ဝေးဝေးပျောက်လို့သွားခဲ့နေ့ရက်တွေ ၊ အလွမ်းများကတိုးနှိပ်စက်နေ
တမ်းတခဲ့မင်းအငွေ့အသက်လေ ၊ အနားနားအမြဲရှိစေချင်ငါ့ရဲ့ညနဲ့မနက်တွေထဲ..
ဘယ်တော့မှတို့နှစ်ယောက်နီးမှာလဲ ၊ ဘယ်အချိန်ထိများစောင့်ရမလဲ..
တကယ်ကိုတမ်းတမိတဲ့မင်းရဲ့အနမ်းတွေလဲ
CHO: ငါတို့ရဲ့အမှတ်တရများစွာလဲ ၊ မင်းမေ့မပစ်လိုက်ပါနဲ့၊
ဘယ်လိုနေရာတွေဝေးလို့သွားပါစေငါ့ရင်ထဲမှာမင်းတယောက်ထဲ..
CHO 2: ကြယ်ပွင့်လေးနဲ့လမ်းပြဦး ၊ ကောင်မလေးနဲ့နီးနိုင်ဖို့
အနေဝေးလို့သွေးအေးသွားမှာငါကြောက်လို့...
မင်းစိတ်ထဲအမြဲတမ်းရှိပါစေ ၊ ဆုံနိုင်မှာပါတို့နှစ်ယောက်တနေ့
အခုတော့ဖုန်းလေးထဲပဲအလွမ်းပြေအနမ်းတွေပေး.......
ငါ့ကိုအမြဲလိုသည်းခံနားလည်ပေးသူ ၊ ပြဿနာတိုင်းဟာသူ့ရဲ့အမှားလို့တွေးသူ
အဝေးမှာရောက်နေလည်းစိတ်သာချဘေးလူစကားတွေနားမယောင်နဲ့ငါတို့ဘယ်တော့မှမဝေးဘူး..
စွယ်တော်ပင်ကအရွက်လေးလို ၊ နှစ်လွှာပေါင်းမှတရွက်တည်းဆို..
တနေ့တော့ပေါင်းမယ်ငါတို့နှစ်ယောက်ရဲ့နှလုံးသားနှစ်ခုလည်းတခုတည်းအဖြစ်သို့ရောက်နိုင်ဖို့..
CHO: (CHO 2:) x 3 ........
End .
ကျနော်တော့တော်တော်လေးကိုသဘောကျမိတယ် (ခံစားချက်တိုက်ဆိုင်လို့လားမသိ)။သီချင်းစာသားကို
နားထောင်ပြီး တလုံးချင်းစီလိုက်ရေးပြီး အခုသူငယ်ချင်းတို့ကို ပြန်လည်ဝေမျှပေးတာပါ။သူငယ်ချင်းတို့ထဲ
မှာ ဒီသီချင်းလေးကို ကျနော့ထက်အရင်ကြိုပြီးနားထောင်ပြီးတဲ့လူတွေလဲရှိနိုင်သလို၊နားမထောင်ရသေးတဲ့
လူတွေလဲရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ် တခေါက်လောက်တော့နားထောင်ပြီး လိုက်ဆိုကြည့်ကြပါလို့။
ခင်မင်စွာဖြင့်
H.L.T
ဒီသီချင်းလေးကိုမရရအောင်ယူပေးသောအခန်းဖော်ချစ်အကိုနှင့်အဖြူရောင်သံစဉ်မှသဘောကောင်းသော
DJမောင်နှမများအားဤနေရာလေးမှ ကျေးဇူးပါ ဟုပြောကြားလိုက်ပါသည်ခင်ဗျာ။
Nice Song !!!
ReplyDeleteThanks For Share !!!
Good Luck U R GF !!!
(v,v)
Hello Datta ...
ReplyDeleteSong Lay Listen Lo Kg Par Tal ... Thank You Naw ...
Sin Sin ...
ဟုတ်ကဲ့ပါစင်စင်၊ လာလည်တဲ့အတွက်ကျနော်ကလဲစင်စင့်ကို
ReplyDeleteကျေးဇူးတင်ပါတယ်။