သောက်သုံးရေကန်တည်ဆောက်လှူဒါန်းနိုင်ရန် ကိုရီးယားနိုင်ငံ ဒေ၀ူးသင်္ဘောတည်ဆောက်ရေးလုပ်ငန်း (D-S-M-E) ရှိ စေတနာရှင်ဝန်ထမ်းများမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေကန်မှာ အလျား (၁၅) ပေ၊အနံ (၁၀) ပေ၊အမြင့် (၉)ပေ ၊ ဖရိန် (၂)ပေ၊ အုတ်ရိုး (၉) ပေ ဖြစ်ပြီး အမိုးကိုသွပ်ပြားမိုးကာ သောက်သုံးရေကန်ပတ်ပတ်လည်၌ ခြံစည်းရိုး
ခတ်ထားမည်ဖြစ်ပါသည်။ ကုန်ကျငွေစုစုပေါင်းမှာ ကျပ် ( ၂၅၀၄၀၀၀ )(နှစ်ဆယ့်ငါးသိန်း ၄ ထောင်)တိတိဖြစ်ပါသည်။
လှူဒါန်းရသည့်ရည်ရွယ်ချက်မှာ ရေငံဝင်သောဒေသဖြစ်သောကြောင့် အ၀ီစိတွင်းတူး၍မရပါသဖြင့် မိုးရွာသောအခါ၌ မိုးရေကိုသိုလှောင်အသုံးပြုပြီး မိုးရေနည်းချိန်တွင် အတန်ငယ်
ခန့်ဝေးသော အများသုံးရေကန်မှရေကို စက်လှေတစ်စီးအားသန့်စင်ပြီး စက်ဖြင့်ရေစုပ်ထည့်၍ အနည်ထိုင်စေပါသည်။၎င်းနောက်မှ အနည်ထိုင်ပြီးသော စက်လှေအတွင်းမှရေကို
မူလတန်းလွန်ကျောင်းအတွင်းရှိ ယခုတည်ဆောက်လှူဒါန်းမည့် ရေကန်ထဲသို့ စက်ဖြင့် မောင်းထည့်ကာ ကျောင်းသားကျောင်းသူများအား အသုံးပြုစေမှာဖြစ်ပါသည်။ ရေချိုရရှိရန်
အခက်ခဲရှိသောဒေသရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ဒုက္ခကို စာနာထောက်ထားပြီး ရေချိုရရှိရန် အခက်ခဲမရှိစေလိုသည့်စေတနာအပြည့်ဖြင့် (DSME)ရှိ
မြန်မာဝန်ထမ်းများမှ မွန်မြတ်သောစိတ်ထားများဖြင့် သောက်သုံးရေကန်လှူဒါန်းရန် စီစဉ်ခြင်းဖြစ်ပါသည်။
မှော်အိုင်ကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း၌ ယခုလက်ရှိအချိန်တွင် ကျောင်းသားကျောင်းသူစုစုပေါင်း (၃၀၀)ကျော်ခန့်ရှိပြီး မူလွန်ကျောင်းဆောင်ဆောက်လုပ်ပြီးစီးပါက
ကျောင်းသားကျောင်းသူစုစုပေါင်း (၄၀၀)ကျော်ရှိမည်ဖြစ်ပါသည်။
ယခင်ကျောင်းဆောင်နှစ်လုံးရှိသည့်အနက် နာဂစ်မုန်တိုင်းဒါဏ်ကြောင့်ပျက်စီးသွားသော
သစ်သားကျောင်းဆောင်အား ပြန်လည်မပြုပြင်နိုင်သေးသည့်နေရာ.......
ကျေးရွာမှ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသောကျောင်း အချောကိုင်ရန်ကျန်ရှိနေသည်။
အုတ်ရေကန်တည်ဆောက်နိုင်သည့်နေရာ
S.S
ဟုတ်ကဲ့ပါ .... ဒီစာကိုရေးတဲ့ရည်ရွယ်ချက်ကို သိချင်ပါတယ်ခင်ဗျာ ...သတင်းအဖြစ်တင်ထားခြင်းလား ? အလှူငွေကောက်ခံခြင်းလားဆိုတာလေးသိပါရစေခင်ဗျာ..
ReplyDeleteဟုတ်ကဲ့ပါ ကိုအဟဲ...ကျနော်တို့က သတင်းအဖြစ်တင်ထားပေးတာပါခင်ဗျာ
ReplyDelete