ပထမဦးစွာကျနော့သူငယ်ချင်းများစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာရှိကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်။ ကျနော်ဒီနေ့တော့ခေါင်းဆောင်တဲ့လူတွေသတိမူစရာအချက်ကလေးတွေကိုပြောဆိုချင်စိတ်လေးဖြစ်လာ တယ်။ဘယ်လောက၊ဘယ်နယ်ပယ်မှာမဆိုအထက်ရောက်လေမြောက်လေဆိုတဲ့စကားရှိတဲ့အတိုင်းအောက် ခြေလွတ်တတ်တာလေးတွေဖြစ်တတ်တာထုံးစံရှိတယ်။တောင်ပေါ်ရောက်ရင်တောင်အောက်ကိုငုံ့ကြည့်တော့ သေးသေးလေးပဲမြင်တတ်တယ်။တောင်အောက်ကလူကလည်းတောင်ပေါ်ကလူကိုလှမ်းကြည့်ရင်ဒီအတိုင်းပဲ မြင် မှာပဲ။အင်္ဂလိပ်စကားမှာ blind spot ဆိုတာရှိတယ်။ ကိုယ်မသိတာ၊မမြင်တာ၊မကျွမ်းကျင်တာတွေပေါ့။ ဒါရိုက်တာ ကြီးဆိုပြီး ဘ၀င်တွေမြောက်ကာ သတိမထားမိတဲ့အချက်လေးတွေကိုထောက်ပြချင်လို့ ဒီပို့စ်လေးကိုရေးလိုက် တာပါ။
လူဆိုတာအပြစ်အနာအဆာကင်းနိုင်ကြတာမှမဟုတ်တာ။ အပြစ်ကင်းစင်တဲ့ ခေါင်းဆောင်ဆိုတာ မရှိပါဘူးလို့ ပြောကြတယ်။ တစ်ခါတစ်လေ ကိုယ့်ခေါင်းဆောင်မှုအောက်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့ အခြေအ နေလေးတွေကိုလည်း ခေါင်းဆောင်တွေ ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။ ကျနော်က ခေါင်းဆောင်တွေဖြစ် တတ်တဲ့ blind spot " ၁၀ ချက် " ကိုအကြံပြု ပြောဆိုဝေဖန်ချင်ပါတယ်။ သတိမမူ ဂူမမြင်၊ သတိမူရင် မြူတောင် မြင်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။ ခေါင်းဆောင်ကြီးတွေ မမြင်တဲ့အရာလေးတွေကို ကျနော်မြင်တာလေး တွေနဲ့ တိုက်ဆိုင်ကြည့်ရအောင်လား။ တကယ်တော့ blind spot ဆိုတာရောဂါတစ်မျိုးဗျ။ လူကြီးလုပ်စားတဲ့ လူတွေမှာ စွဲကပ်တတ်တဲ့ရောဂါ။ ကိုင်း ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေ ဘယ်လောက် တောင်ဒီရောဂါစွဲကပ်နေပြီလဲဆိုတာကို ဒီပို့စ်လေးဖတ်ပြီး စစ်ဆေးကြည့်ရအောင်။
၁ ။ ငါ့မြင်းငါစိုင်း ဘယ်လိုင်းရောက်ရောက်
ရောဂါလက္ခဏာ
အကူအညီပေးမယ်ဆိုရင် ငြင်းတယ်။ သူများအကူအညီယူရမယ်ဆိုရင်လည်း လက်မခံဘူး။ ကိုယ့်သောက တွေ၊ စိတ်ဖိစီးမှုတွေကို သူတစ်ပါးကိုမပြောဘူး။ အဆုံးအဖြတ်ပေးရတဲ့ အလုပ်တွေမှာ ဘယ်တော့မှဝင်မပါ ဘူး။ ဝေ့လည်ကြောင်ပတ်လျှောက်လုပ်မယ်။ လူတွေကို သူ့ဝန်သူ့ထမ်း သူ့အားသူကိုး ပါစေဆိုပြီးရှောင် မယ်။
ဘယ်လိုခံစားရမလဲ
တစ်ဦးတည်းနေတယ်၊ ကျိတ်ခံစားတယ်၊ ကိုယ့်ပခုံးပေါ်မှာ ၀န်ထုတ်ဝန်ပိုးကြီးကို မနိုင်ဝန်ထမ်းထားတယ်ဆို တာ သူတစ်ပါးကို စိုးရိမ်သောကတွေများစေသလို၊ မသေချာ မရေရာဘူးဆိုတာလည်း ပြသရာရောက်တယ်။ တကယ်လို့ ကိုယ်လုပ်တာမအောင်မြင်ဘူး ဆုံးရှုံးသွားပြီဆိုရင် မကျေနပ်သံတွေညံလာမယ်။ ကိုယ့်နေရာမှာ အစားထိုးဝင်လာနိုင်တဲ့အတွက် ကုလားထိုင်လှုပ်လာမယ်။ ကောလဟာလတွေပေါ်လာမယ်။ အထင်အမြင် သေးပြီး ခွဲခြားဆက်ဆာံတွေခံရနိုင်တယ်။
ဖြေဆေး
ပြဿနာကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်ဆိုတဲ့ ကတိတွေပေးရမယ်။ ပူးပေါင်းလုပ်ဆောင်ရမှာကို သိလျက် မျက်ကွယ်ပြုတဲ့အတွက် အပြစ်ရှိကြောင်းဝန်ခံရမယ်။ သူတို့ပေးတဲ့ အထောက်အပံ့တွေကို ယူမယ် ဆိုတာ သိစေရမယ်။ ကိုယ့်မအောင်မြင်မှုကို ထောက်ပြဖို့တောင်းဆိုရမယ်။ ဘေးထွက်ရာကနေ စည်းထဲကို ပြန်ဝင်နိုင်အောင်ကြိုးစားရမယ်။
၂။ကိုယ်ချင်းလဲမစာ သူတစ်ပါးကိုလည်းမညှာ
ရောဂါလက္ခဏာ
သူတစ်ပါးထိခိုက်အောင်လုပ်ခဲ့ပါလားဆိုပြီး အမှတ်မထားတော့ဘူး။ ကိုယ်ချင်းစာစိတ်မရှိ၊ အလိုက်ကမ်းဆိုး လည်းမသိ၊ အားလုံးကို ကိုယ့်လိုပဲထင်၊ သူတစ်ပါးကိုချိုးနှိမ်ဝေဖန်၊ တန်ဖိုးထားလေးစားရမှန်းလဲမသိ၊ ဘာကို မှကိုယ်နဲ့မဆိုင်သလို(ဂရုမစိုက်သလို) သဘောထားတတ်တယ်။
ဘယ်လိုခံစားရမလဲ
သူတစ်ပါးကိုကိုယ်ချင်းစာစိတ်မရှိ၊ ဂရုမစိုက်သလိုနေတော့ ကိုယ့်မှာ မလုံခြုံသလို အမြဲတမ်းခံစားနေရလိမ့် မယ်။ ကိုယ်ချင်းစာစိတ်မရှိတော့ အခမ်းအနားတွေမှာ ပြောခွင့်ဆိုခွင့်လေးများရလိုက်ရင်လည်း နာရီပေါင်း များစွာ မလိုအပ်ဘဲ လေကြောတွေရှည်ကာ စိတ်ပျက်စရာကောင်းလောက်အောင်ပြောနေလိမ့်မယ်။ သူများ စကားကိုလည်းမလေးစား၊ နားမထောင် သူချည်းပဲ မလိုအပ်တဲ့ စကားတွေကို တောင်စဉ်ရေမရလျှောက်ပြော နေလိမ့်မယ်။
ဖြေဆေး
ကိုယ်လုပ်တာဘာတွေသက်ရောက်မှုရှိနေသလဲဆိုတာ ပွင့်ပွင့်လင်းလင်းထောက်ပြနိုင်တဲ့သူမျိုးကိုရှာပြီးဝေ ဖန်ခိုင်းသင့်တယ်။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပေါ့ "သူများလေကြောရှည်တာ ကိုယ်ပြန်နားထောင်ရရင် ဘယ်လိုနေမလဲ၊ သူများတွေအပေါ်မှာယုံကြည်မှုအပြည့်ထားနိုင်ပါ့မလား၊ ကိုယ်လည်းတနေ့ကျ မကျဆုံး နိုင်ဘူးလို့ထင်နေသလား" ။
၃။ "ငါ" မှ "ငါ"
ရောဂါလက္ခဏာ
ပြောလိုက်တိုင်း မာကျောကျော်၊ ခပ်ထန်ထန်။ ပညာရှင်အမည်ခံပြီး လမ်းဘေးက ကလေကချေလောက် တောင်လေသံကမတန်။ သူများပြောတာကိုလည်း ဂရုစိုက်ပြီးနားမထောင်တတ်၊ ပြောတာကိုမျက်စိမှိတ်ပြီး အတိုက်အခံငြင်းခုံ။ ငါပြောတာအမှန်၊ သူများပြောတာမမှန်လို့ အမြဲတမ်းထင်တတ်တယ်။
ဘယ်လိုခံစားရမလဲ
အများက တန်ဖိုးထားလေးစားခြင်းမခံရတော့ဘူး။ စိတ်ဆိုးတာ၊ အရေးမထားတာတွေပါခံရတတ်တယ်။ အရာ ရာကို ငါသိ၊ ငါတတ်ဖြစ်နေတော့ ဘယ်သူကမှလည်းလာပြီးအကြံပေးတာ၊ တိုင်ပင်တာတွေမလုပ်တော့ဘူး။ ဒါကြောင့် အကြံတုံး ဉာဏ်တုံးပြီး အထီးကျန်ဘ၀ကို ရင်ဆိုင်ရလိမ့်မယ်။
ဖြေဆေး
ကိုယ်မျက်ကွယ်ပြုထားတာတွေက ကိုယ့်ကိုစိတ်ကူးကောင်း၊ အကြံကောင်း၊ ဉာဏ်ကောင်းတွေပါ ဆိတ်သုဉ်း စေတယ်ဆိုတာသတိထားရမယ်။ မကျဆုံးချင်ရင် ကိုယ့်ကိုယ်ကိုပြန်မေးကြည့်။ " ငါဘာတွေလွဲချော်ခဲ့သလဲ၊ ငါမမြင်ခဲ့မိတာ ဘာတွေလဲ၊ ငါပစ်ပယ်ခဲ့မိတာဘာတွေလဲ " ။
၎။ ခက်ခက်ခဲခဲ မျက်နှာလွှဲ
ရောဂါလက္ခဏာ
ကြမ်းတော့လည်းကြမ်း၊ နုတော့လည်း ဘာကိုမှမမှုတော့ဘူး။ ခက်ခဲတာတွေ၊ ပြဿနာတက်နိုင်တာတွေ ဘာမှမလုပ်တော့ဘူး။ ဖြစ်ပေါ်လာတဲ့ ရလဒ်ကောင်းကိုပဲ မျှော်လင့်နေတော့တယ်။ စိတ်အားထက်သန်စွာ ပြောဆိုဆွေးနွေးရတာမျိုးတွေရှောင်တတ်တယ်။ အတိုက်အခံပြောဖို့ဆိုရင် ဝေးသေးတယ်။ တကယ့်အရေး ပါတာတွေ ပြောရမယ့်အစား၊ အရေးမပါတာတွေကို အရေးပါသလို အဟုတ်ကြီးလုပ်ပြီး ပြောနေတော့တယ်။
ဘယ်လိုခံစားရမလဲ
ကိုယ်ကအကောင်းမပြောတော့ ကိုယ့်ရှေ့မှာကောင်းတာတွေဘယ်သူမှမပြောတော့ဘူး။ ရှေ့ဆောင်နွား လားဖြောင့်ဖြောင့်မသွားတော့ နောက်လိုက်တွေကလည်း ကွေ့ကွေ့ကောက်ကောက် ဖြစ်ကုန်ရော။ ခေါင်း ဆောင်လုပ်တဲ့လူက ရေလာမြောင်းပေးစကားမပြောတော့ နောက်လိုက်တွေကလည်း ရေမြောင်းကိုဘောင် တွေခတ်ပြီး ရှောင်ပတ်ထွက်သွားတတ်တယ်။
ဖြေဆေး
အကောင်းတွေးပြီး အကောင်းပြောဖို့ ကြိုးစားကြည့်ပါ။ သူတစ်ပါးအောင်မြင်နေတာကို ချီးကျူးအားပေးနိုင် အောင်ကြိုးစား၊ မုဒိတာပွားကြည့်ပေါ့။ မှန်လိုပေါ့ ကိုယ်ကပြုံးရင် ပြန်ပြုံးပြမယ်လေ။ အကောင်းပြောရင် တ ဘက်ကလည်း အကောင်းပြန်ပြောဖို့ သေချာတယ်။ ကိုယ်ကခေါင်းဆောင်ဆိုတော့ " ဟေ့ ဘာမှမပူနဲ့ ငါ အားလုံးတာဝန်ယူတယ် " ဆိုတာမျိုးပြောနိုင်အောင်ကြိုးစားကြည့်ပါလား။
၅။ ဟိုလူ့ကိုအပြစ်တင် သည်လူ့ကိုဆဲဆို
ရောဂါလက္ခဏာ
အကြောင်းတစ်ခုမဟုတ် တစ်ခုခုပြနေတတ်တယ်။ ဆင်ခြေဆင်လက်တွေကလည်းအများသား။ "ဟုတ်တော့ ဟုတ်တယ် ဒါပေမယ့်......" ဆိုတာက သူ့လက်သုံးစကား။ သူတစ်ပါးကို အမြဲလက်ညှိုးထိုးဖို့ပဲကြံနေတတ် တယ်။ တွေ့သမျှလူတွေကို ငါ့ရန်သူ၊ ငါ့ကိုဆန့်ကျင်မယ့်သူလို့အမြဲတွေးပြီး ရန်လုပ်နေတတ်တယ်။ ကိုယ့် အလုပ်ကို အခိုင်အမာတည်ဆောက်ရမယ့်အစား၊ ကိုယ့်အတ္တကို အပီအပြင်တည်ဆောက်နေတတ်တယ်။ လူ တကာကို လိုက်ဝေဖန်၊ အပြစ်တင်ဆဲဆိုရင်းနဲ့သာ အချိန်ကုန်နေတတ်တယ်။
ဘယ်လိုခံစားရမလဲ
ပြဿနာကိုမီးထွန်းရှာနေတော့ ပြဿနာကလွဲပြီး ဘာမှတွေ့ဖို့လည်းမမျှော်လင့်နဲ့တော့။ ကိုယ့်စိတ်မှာ အကောင်းအဆိုး မဝေခွဲနိုင်သူဖြစ်တဲ့အတွက် ကိုယ့်အသိုက်အ၀န်းနဲ့ ပတ်ဝန်ကျင်ကို မကွဲ၊ ကွဲအောင်အမြဲ ခွဲနေသူဖြစ်နေတတ်တယ်။ လူတွေက သူ့ကိုအပြစ်ရှာပြီး ပြဿနာလုပ်မှာပဲကြောက်နေတဲ့အတွက် နောက် ကျောမလုံတော့ဘူး။ မည်းမည်းမြင်တိုင်း လန့်နေလိမ့်မယ်။
ဖြေဆေး
သူများကို သွားပြီးလက်ညှိုးထိုးမနေနဲ့။ မဖြစ်တာတွေကိုသွားပြောနေမယ့်အား ဖြစ်အောင်ဘယ်လိုလုပ်သင့် တယ်ဆိုတာ ပူးပေါင်းကြိုးစားသင့်တယ်။ ကိုယ့်ကိုယ်ကိုမေးကြည့် " သူ့နေရာမှာငါဆိုရင်ဘယ်လိုလုပ်မလဲ၊ ငါ့နေရာ ငါ့အဆင့်နဲ့ဘယ်လောက်တာဝန်ယူသင့်သလဲ " လို့မေးကြည့်။ ကိုယ့်ကိုယ်ကိုပြင်၊ သူတစ်ပါးကို လက်ညှိုးထိုးပြီးသွားမပြင်နဲ့။
၆။ ကတိတွေလွယ်လွယ်ပေး
ရောဂါလက္ခဏာ
ကတိတွေမပေးရင်လည်းမပေးဘူး၊ ပေးတော့လည်းလွယ်လိုက်တာ၊ တစ်ခုမှလည်း တည်တာမရှိဘူး။ အချိန် မီအဆုံးအဖြတ်ပေးရမှာကိုလည်း ဘယ်တော့မှ မဆုံးဖြတ်ပေးဘူး။ ဘာမှလည်းတာဝန်မခံ အမြဲတမ်း ခေါင်း ရှောင်ဖို့ကြိုးစား၊ " ငါတာဝန်ယူတယ် " ဒါမှမဟုတ် " ငါတာဝန်မယူနိုင်ဘူး " ဘာတစ်ခုမှလည်းမပြတ်သား။ မတည်နိုင်တဲ့ ကတိတွေကို အထပ်ထပ်ပေးပြီး။ လျစ်လျူရှုတတ်တယ်။
ဘယ်လိုခံစားရမလဲ
ကိုယ်ဘာပြောပြော ဘယ်သူမှအလေးထားပြီး တစ်လေးတစ်စားမရှိတော့ဘူး။ သူပြောတာအလကားဆိုပြီး တန်ဖိုးမထားတော့ဘူး။ အများယုံကြည်မှုတွေလျော့လာမယ်။ ကိုယ့်မကောင်းတဲ့အကျင့်ဆိုးကို အတုခိုးတဲ့ သူတွေတောင်ပေါ်လာနိုင်တယ်။ လျော့တိလျော့ရဲကတိတွေကြောင့် ကိုယ့်အလုပ်ခွင့်မှာလည်း အသက်မပါ တော့ဘူး။ နောက်ဆုံးထွက်လာတဲ့ရလဒ်တိုင်းကို ခွင့်လွှတ်ပေးနေရတာတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။ ကိုယ်က သူ့ကို တာဝန်မယူနိုင်တော့ သူတို့ကလည်းကိုယ့်ကို အားလည်းမကိုးတော့ဘူး။
ဖြေဆေး
ကိုယ်ပေးတဲ့ကတိ ရှင်းလင်းစွာသိနိုင်ရမယ်၊ တကယ်လုပ်ပေးနိုင်တဲ့ကတိမျိုးဖြစ်ရမယ်။ မပေးနိုင်ရင်ဘယ် တော့မှမပြောနဲ့။ တကယ်လို့ကိုယ့်ကတိကို ပြန်ရုပ်သိမ်းရမယ်ဆိုရင်လည်း ဘာကြောင့်ဆိုတာရယ်၊ ဘယ် တော့ဆိုတာရယ် ပြန်ပြီးဖြေရှင်းပြနိုင်ရမယ်။ တကယ်လို့ ကတိပေးပြီးတည်နိုင်ခဲ့ရင်လည်း သက်ရောက်မှု ဒဏ်ကို ကိုယ်တိုင်ခံဖို့ ပြင်ဆင်ထားရမယ်။ မေးကြည့်ပါ " ကတိဆိုတာ ပေးတိုင်းကောင်းသလား၊ ပေးတဲ့အ တိုင်း လုပ်ပေးနိုင်ရဲ့လား " ။
၇။ သူတစ်ပါးမကောင်းကြံ စိတ်ထားမမှန်
ရောဂါလက္ခဏာ
သူတစ်ပါးကိုပြောရမယ်ဆိုရင် မှိုချိုးမျှစ်ချိုး။ ပြောရကောင်းမှန်းလည်းမသိ၊ မပြောရကောင်းမှန်းလည်းမသိ၊ အရိပ်သုံးပါးလည်းနားမလည်၊ ကိုယ့်ကိုကြိုက်မှန်းလည်းမသိ၊ မကြိုက်မှန်းလည်းမသိ၊ ထင်ရာမြင်ရာလျှောက် ပြောနေတော့တယ်။ တွေ့ရာလူကို ငါနဲ့မတူ ငါ့ရန်သူအမြင်မျိုးနဲ့ ဆက်ဆံပြောဆိုလာတတ်တယ်။
ဘယ်လိုခံစားရမလဲ
လူအချင်းချင်း ဆန့်ကျင်ခြင်းအမြင်ကြောင့် အမြင်တွေမရှင်းတော့ဘူး။ ကိုယ်ကြုံတွေ့ရမယ့်သူတွေကလည်း မရိုးသားသူ၊ ကလိန်ကကျစ်နဲ့ အားနည်းသူတွေကိုသာ ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်။ လူတွေရဲ့ ယုံကြည်မှုကို မရနိုင်တော့တဲ့အတွက် ကိုယ့်အပေါ် ဘယ်သူကမှလည်းကိုးစားပြီး အားကိုးအားထားပြုခြင်းခံရတော့မှာမ ဟုတ်ဘူး။ ဒီလိုနဲ့အပေါင်းအသင်းတွေလည်းနည်း၊ ယုံကြည်ရတော့မယ့်သူလည်းမရှိ၊ သြဇာလည်းမညောင်း၊ အာဏာပါအပြောင်းအလဲနဲ့ရင်ဆိုင်ရလိမ့်မယ်။
ဖြေဆေး
တစ်ပါးသူကို အဆိုးမြင်စိတ်နဲ့ ဝေဖန်တော့မယ်ဆိုတိုင်း စိတ်ကိုပြန်ပြီးချုပ်ထိန်းနိုင်အောင်ကြိုးစားပါ။ အပြစ် တင်ချင်စိတ်ဝင်လာပြီဆိုရင် ငါ့မှာလည်း တာဝန်ကင်းရဲ့လားလို့ ပြန်မေးကြည့်ပါ။ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်မှုဖြစ်သွားရင်တောင်းပန်ရမှာဝန်မလေးပါနဲ့။ ကိုယ်ကဘာပြန်လုပ်ပေးနိုင်သလဲ၊ အခြေအနေကိုဘယ် လိုပြန်တည်ဆောက်နိုင်မလဲစဉ်းစားပေးပါ။ ကိုယ်မရှင်းနိုင်တဲ့ပြဿနာဖြစ်နေရင် မရှင်းနိုင်ကြောင်းပွင့်ပွင့် လင်းလင်းပြောနိုင်အောင်ကြိုးစားပါ။
၈။ ခံစားချက်တွေကို ဘယ်တော့မှမထုတ်ဖော်
ရောဂါလက္ခဏာ
ဆုံးဖြတ်ချက်ချရမှာမျိုး၊ လိုက်လျောမှုတစ်ခုခု ပေးရမှာမျိုး၊ ပြောင်းလဲမှုတစ်ခုခုလုပ်ရမှာမျိုးမှာ ကိုယ့်စိတ်ခံ စားချက်ကို မထုတ်ဖော်မိလေအောင် ထိန်းချုပ်ထားတတ်တယ်။ ပညာရှင်စတိုင်လ်နဲ့မှတ်ချက်ပေးတာငါနဲ့ မဆိုင်ဆိုတဲ့ပုံစံမျိုးချိုးတတ်တယ်။ ဟိုကွေ့ရောက်ဟိုတက်နဲ့လှော်၊ သည်ကွေ့ရောက်သည်တက်နဲ့လှော် မယ်ဆိုတဲ့အချောင်သမားစိတ်မျိုးထားတတ်တယ်။
ဘယ်လိုခံစားရမလဲ
ပွင့်လင်းမှုမရှိတဲ့ ခေါင်းဆောင်တယောက်ဟာ ညှိနှိုင်းရေးအမြင်လည်းမရှိနိုင်ဘူး။ ခေါင်းရှောင်ချင်တဲ့ စိတ်ဓာတ်ကြောင့် ပကတိတရားနဲ့လည်း ကင်းဝေးသွားလိမ့်မယ်။ ကိုယ့်အမြင်နဲ့အထင်ကို ထုတ်ဖော်ဖို့မလို ဘူးဆိုတဲ့ စိတ်ဓာတ်တွေကြောင့် သူတစ်ပါးက ကိုယ့်အပေါ်မှာဘယ်လိုမှထင်မြင်သုံးသပ်ချင်တော့မှာလည်း မဟုတ်ဘူး။ ကိုယ့်အမြင်အတွေးတွေကို ထိန်းသိမ်းရင်းနဲ့ ခေတ်နောက်ကျကျန်နေခဲ့လိမ့်မယ်။ ပတ်ဝန်းကျင် နဲ့ကင်းကွာတဲ့အကျိုးတရားကို ခံစားရလိမ့်မယ်။ ကိုယ်တိုင်ကဘာမှပြောဆိုညှိနှိုင်းလိုစိတ်မရှိရင် ဘာကြောင့် ခေါင်းဆောင်နေရာတက်ယူထားသေးသလဲ။
ဖြေဆေး
မပြောချင်ဘူးပဲထားပါတော့ မပြောဘဲနဲ့ ထင်သာမြင်သာဆက်သွယ်သိစေနိုင်တဲ့အချက်တွေ အများကြီးရှိ တာပဲ၊ တစ်နည်းနည်းနဲ့ ကြိုးစားကြည့်သင့်တယ်။ သင့်တော်မယ့်သူကို တိုက်ရိုက်တွေ့ပြီး သိက္ခာရှိရှိနဲ့ တာဝန်သိတဲ့စကားတွေခေါ်ပြီးဆွေးနွေးနိုင်တယ်။ ကိုယ်မပြောချင်ရင်လည်း ပြောရေးဆိုပိုင်ခွင့်ရှိသူကတစ် ဆင့် ကိုယ့်အယူအဆတွေကို ဖြန့်ပေးနိုင်အောင်ကြိုးစားသင့်တယ်။
၉။ ငါဘာလဲ ငါလည်းမသိ
ရောဂါလက္ခဏာ
အလုပ်ကိစ္စကြီးကြီးသေးသေး တိကျတဲ့ဆုံးဖြတ်ချက်တခုမှမပေးနိုင်ဘူး။ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် နောက်ကြောင်းပြန်နေတာနဲ့ အချိန်ကုန်နေတတ်တယ်။ မပြတ်သားတဲ့စိတ်ကြောင့်လည်း ဘာမှဆုံးဖြတ်ချက် ချမပေးနိုင်တာပေါ့။ ဒီတော့ကိုယ်ဦးဆောင်နေရတဲ့ အသင်းအဖွဲ့ကလည်း ပျင်းရိလေးတွဲနေတော့မှာသေချာ တယ်။
ဘယ်လိုခံစားရမလဲ
ကိုယ်ခေါင်းဆောင်နေရတာက အများနဲ့ဆိုင်တယ်။ဆုံးဖြတ်ချက်ကို ကိုယ်ကပေးမှဖြစ်တော့မယ့်အနေအ ထားမှာ ငါဘာကောင်လဲ ငါကိုယ်တိုင်မသိတော့ ချက်ချင်းမဆုံးဖြတ်ပေးနိုင်ဘူး။ ကိုယ့်နေရာကိုယ်မသိတာ ကြောင့် ကိုယ်မရှိသလိုဖြစ်နေရတယ်။ ရလာတဲ့ရလဒ်ကလည်း ဟိုမရောက် သည်မရောက်ဖြစ်နေရင်အချိန် ကုန်၊ လူပန်းရှေ့ဆက်ဘယ်လိုစခန်းသွားရမလဲ။
ဖြေဆေး
ကိုယ့်ကိုသူများတွေပြန်ပြီးဝေဖန်သုံးသပ်နေတဲ့အချိန်မရောက်စေနဲ့။ ကိုယ်ဘာလုပ်ရမလဲ၊ ဘာလုပ်နိုင်သလဲ၊ ဘာလုပ်ပေးနိုင်တဲ့ အဆင့်လဲဆိုတာ အားလုံးရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ ကိုယ့်နေရာကိုယ့်အဆင့်ကို ကိုယ်အမြဲမြှင့်တင် နိုင်အောင်ကြိုးစားရမယ်။ ပြောကြည့်လေ " ဒီနေ့တော့ဆုံးဖြတ်ချက်ပေးဖို့အသင့်မဖြစ် သေးဘူး။ ဒါပေမယ့် နောက်တစ်ပါတ်မှာ အဖြေပေးမယ် " လို့။
၁၀။ " တော်လောက်ပြီ " ဆိုပြီးသည်းခံ
ရောဂါလက္ခဏာ
ပြောင်းလဲမှုအတွက် ကြိုတင်ပြင်ဆင်တာတွေ၊ ပြောင်းလဲမှုကိုကြိုဆိုလက်ခံဖို့ငြင်းဆန်တတ်တယ်။ ကိုယ်ရ နေတဲ့နေရာလေးကို အမြဲသာယာနေပြီး သက်တမ်းတိုးဖို့သာမျှော်လင့်နေတတ်တယ်။ ဒါကြောင့်ကိုယ့်နေ ရာနဲ့ရာထူးကိုထိခိုက်လာစေမယ့် စိတ်ကူးတွေ၊ အကြံဉာဏ်တွေ၊ လူတွေပေါ်လာမယ်ဆိုရင် သွေးပျက် လောက်အောင် အသေအလဲဆန့်ကျင်တိုက်ခိုက်ဖို့ပဲ စိတ်ထဲမှာရှိနေလိမ့်မယ်။
ဘယ်လိုခံစားရမလဲ
သူတစ်ပါးကလည်းစိတ်ပျက်၊ ကိုယ်တိုင်ကလည်းမစွမ်းဆောင်နိုင်၊ ဒီတော့လုပ်ငန်းကလည်းမအောင်မြင်၊ ထွက်သူတွေထွက်၊ ရှောင်သူတွေရှောင်ဖြစ်ကုန်လိမ့်မယ်။ အများနဲ့လုပ်ဆောင်မှရမယ့်ကိစ္စတွေမှာ ဘယ်သူ တွေကမှ ခေါင်းဆောင်နှစ်ယောက်ပြောင်းပြီးဆက်ဆံချင်ကြမှာမဟုတ်ဘူး။ ကောင်းတဲ့ခေါင်းဆောင်ကောင်း အောက်မှာအောင်မြင်တဲ့အဖွဲ့အစည်းအဖြစ်သာ အဖွဲ့သားတိုင်းက ဂုဏ်ယူဝံ့ကြွားချင်ကြလမ့်မယ်။ ကိုယ့် နောက်လိုက်တွေကခေါင်းဆောင်တစ်ယောက်အနေနေနဲ့ စွမ်းဆောင်နိုင်ရည်မရှိတော့ဘူးဆိုရင် " ဘာမှ လည်းဖြစ်လာမှာ မဟုတ်ပါဘူးကွာ " ဆိုပြီး စိတ်ပျက်လက်ပျက် အလုပ်ထွက်ကုန်ကြလိမ့်မယ်။
ဖြေဆေး
ကိုယ်တာဝန်ယူထားတာဘာလဲ။ ငါ့ပခုံးပေါ်မှာရောက်နေတဲ့ ၀န်ထုပ်ဝန်ပိုးဟာဘာလဲ ပြန်ဆန်းစစ်သင့်တယ်။ ဘာကြောင့်ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တော့မယ်ဆိုတဲ့ စိတ်မျိုးထားရသလဲ။ ရလဒ်မကောင်းရင် ငါ့ဘ၀ ပြောင်းပစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုး ထားနိုင်ပါ့မလား။ ဒါမှမဟုတ် ငါကခေါင်းဆောင်ပဲ မဖြစ်ဖြစ်အောင်ဦး ဆောင်မယ်လို့စိတ်ထားပြောင်းမလား။
အချုပ်ပြောရရင် ခေါင်းဆောင်ဆိုတာ စံပြုလောက်တဲ့ပုဂ္ဂိုလ်လေ။ ဒါကြောင့် ပြောင်းသင့်ပြောင်းထိုက်ရင် ပြောင်းလဲနိုင်တာကို လက်ခံထားလိုက်ပါလား။
လေးစားစွာဖြင့်
H.L.T
အင်းကောင်းတော့ကောင်းတယ်အစ်ကို၇ လိုက်နာဖို့ကခက်တယ်နော် အစ်ကို ဆို၇င်ေ၇ာ ဘယ်လိုလည်းဟင်
ReplyDeleteမဆိုးပါဘူး
ReplyDelete