ရာသီဥတုအခြေအနေ၊အလုပ်ခွင်အခြေအနေ၊အခြားအခက်အခဲအမျိုးမျိုးတို့ရှိခဲ့သော်လည်း စီစဉ်ထားသည့်
အတိုင်း ကျနော်တို့ MGDSME အဖွဲ့၏နှစ်ဆန်း၁ရက်နေ့ပျော်ပွဲရွှင်ပွဲကလေးကိုဖြစ်မြောက်အောင်မြင်အောင်
စီစဉ်နိုင်ခဲ့ပါသည်။ဤပွဲကလေးဖြစ်မြောက်အောင်စည်းစည်းလုံးလုံး ပါဝင်ကူညီပေးခဲ့ကြသော MGDSME အဖွဲ့
သားညီအကိုများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးလူမှုကူညီရေးလုပ်ငန်းများကိုယခု
ထက်ပို၍စည်းစည်းလုံးလုံးဆောင်ရွက်ပေးကြပါမည်ဟုဆန္ဒပြုလိုက်ပါသည်။
ယခုလိုတက်ညီလက်ညီ
အတွင်းရေးမှုးကလည်းဤသို့ကြိုးစားပမ်းစား
ဥက္ကဌကလည်းအားကျမခံ
ဖြေးဖြေးပေါ့ဆရာရယ်
တယောက်တည်းခိုးကြိတ်နေတယ်နော်
နှစ်ကိုယ်တူချစ်မဝ
ချစ်စားဖိုမှုးများ
စားကြသောက်ကြပြီဆိုတော့
ကိုက်ပေးကြမ်းတဲ့အတွင်းရေးမှုး
ဖြေးဖြေးပေါ့ချစ်ဥက္ကဌရယ်
နောက်ဆုံးအချိန်အထိဇွဲမလျှော့
သူလေးကလဲစိတ်တော့အကြီးသား
ရိုက်မှာပဲရိုက်မှာပဲငါ့ကိုလာမတားနဲ့
ဒီကိစ္စဘယ်လိုရှင်းမလဲ
အဲဒါဘာစတိုင်လဲဟင်?
ဓါတ်ပုံအပြည့်အစုံကို ဒီနေရာ တွင်ကြည့်ရှုနိုင်ကြပါသည်။
*ညနေပိုင်းတွင်ထပ်၍ရောက်လာကြသော ညီအကိုများ၏ဓါတ်ပုံများကို မှတ်တမ်းမတင်လိုက်ရပါ။ဤအတွက်ခွင့်လွှတ်နားလည်လိမ့်
မည်ဟုယူဆပါသည်။အချိန်မရသည့်ကြားမှအရောက်လာပေးကြသောညီအကိုများအားလုံးကိုဤနေရာမှကျေးဇူးအထူးတင်ရှိပါကြောင်း
ပြောကြားရင်းဖြင့်............
H.L.T
MGDSME ရဲ့ နှစ်သစ်ကူး ဓါတ်ပုံတွေ ဖော်ပြပေးတာ ကျေးဇူးပါ။ပို့စ်ရေးသူရဲ့ ဓါတ်ပုံရော မပါဘူးလား။ H.L.T ဆိုတာ ပို့စ်ရေးသူရဲ့ နာမည်အတိုကောက်လား။သိချင်လို့။
ReplyDeleteဟုတ်ကဲ့ပါ H.L.T ဆိုတာ ကျနော့ရဲ့နာမည်အတိုကောက်ပါ။ကိုယ်တိုင်ပို့စ်တင်ပြီး ကိုယ့်ပုံတွေချည်းပဲထည့်ရင်အားလုံးရဲ့မေတ္တာကိုခံယူရမှာမို့ မထည့်ထားပါဘူးခင်ဗျာ။ ဟက် ဟက် ဟက်
ReplyDelete