Wednesday, May 05, 2010

ဘယ်သူကယုံမှာလဲ ?

သူငယ်ချင်းတို့ရေ နေကောင်းစားဝင်အိပ်ပျော်ကြတယ်ဟုတ်? သီချင်းအသစ်လေးတွေ့လာတယ် အဟက် ဟက် (ကိုယ်နားမထောင်ရသေးရင်အသစ်ပဲ)။ ဘယ်အဆိုတော် ဆိုမှန်းလဲသိဘူး။ သီချင်းလေးကနားထောင် လို့အဆင်ပြေတယ်ဗျ။ အဲဒါကြောင့် ကျနော့ရဲ့ချစ်သူငယ်ချင်းတွေလဲနားထောင်ရအောင် စာသားတွေကို အတင်းမရမက လိုက်ရေးချပြီး ဒီသီချင်းလေးကို ပြန် Share ပေးလိုက်တယ်နော်။ နားထောင်ကြည့်.........




ဟေ့ ......အိုး........

BABY ရင်းနှီးခွင့်ရခဲ့တဲ့နေ့ကစကာ ၊ ငါ့ရဲ့မသိစိတ်ထဲမှာနေရာယူလို့သွားတာ

တချိန်မှာဖုန်းပြောခဲ့တဲ့နေ့နဲ့ညများစွာ ၊ ချည်နှောင်တယောက်နဲ့တယောက်နဲ့သံယောဇဉ်တွေထားကာ

နင့်ရဲ့မျက်ဝန်းထဲကြည့်မိနေတိုင်းလဲ ၊ ငါတကယ်ကိုမနေတတ်ခဲ့

ပြောလိုက်ပါတော့မယ် ၊ ငါ့ရဲ့အချစ်များလဲ ၊ ဒါကြာရင်ရူးလိမ့်မယ်။

CHO:1

ဘယ်သူကယုံမှာလဲငါတို့ကသူငယ်ချင်းတဲ့ ၊ ဘယ်သူကယုံမှာလဲမင်းငါ့ကိုမချစ်ဘူးတဲ့

ဘယ်အချိန်မှာဆုံမှာလဲမင်းပေးတဲ့အချစ်များနဲ့ ၊ ဘာကြောင့်မို့အချိန်တွေဆွဲထားမလဲ။

CHO:2

မလိမ်နဲ့တော့...နင်စိတ်ထဲကချစ်နေတာ။ မညာနဲ့တော့...နင်ပြန်သာချစ်လိုက်ပါ။

တကယ်ကိုအချိန်တွေအကြာကြီးဆွဲမလို့လား ၊ ငါ့ကိုတကယ်ဆိုနင်ရောမချစ်လို့လား။

မသိစိတ်မှာ နင်ချစ်နေလား ၊ မင်းဘာလို့အချိန်ဖြုန်းမလဲ နင်နေ့ရက်များ။

မင်းသဘောပါပဲ ၊ တရားဝင်ချစ်သူဖြစ်မယ့်နေ့ကိုစောင့်ပါ့မယ်။

အိပ်မက်ထဲမှာပဲ မင်းပါးလေးကိုငါလေအနမ်းတွေပေးပါ့မယ် (မွ)

မင်းလေးရဲ့အကြည့်တွေထဲ ရုန်းထွက်လို့မရနိုင်ခဲ့။ ဂရုစိုက်မှုတွေပေးလို့ပိုလို့ဆိုးတယ်

မင်းလဲပဲချစ်နေရဲ့ ဘာကြောင့်မို့ဖုံးကွယ်လဲ လုံးဝနားမလည်ခဲ့ ..........

CHO:1   CHO:2

Monday ... လျှောက်လို့သွားမယ်အတူ

Tuesday ... ကျတော့ခိုးထွက်သူ

Wednesday ... မတွေ့လို့မဖြစ်ပြန်ဘူး

Thursday ... နင်ကျူရှင်အောက်မှာခုငါအရောက်

Friday ... ခဏလောက်မတွေ့ရင်ရူး

Saturday ... လဲပဲသိပ်တော့မထူး

Sunday ... တပါတ်တော့ပြည့်ပြီအခု

ဒါတောင်ညတိုင်းဖုန်းပြောရတာမ၀နိုင်.....

CHO:2

အိုဝိုး......နေ့ရက်များ x 2 .....မလိမ်နဲ့တော့....အိုးဝိုး.....

END


MGDSME ကိုအမြဲအားပေးနေကြသော ချစ်သူငယ်ချင်းများခင်ဗျာ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပို့စ်အသစ် မတင်နိုင်မှု များအတွက် သူငယ်ချင်းများအားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်နော်။ သူငယ်ချင်း တို့ဘက်မှလဲ သူငယ်ချင်းတို့ လိုအပ်သည့်အကြောင်းအရာများကို စီဘောက်တွင် ရေးခြင်း (သို့) ပို့စ်များ အောက်ရှိ ကွန်မန့်ဘောက်စ်တွင် ပို့စ်အတွက် ထင်မြင်ချက်များကိုရေးသားပေးစေလိုပါသည်ခင်ဗျာ။ ကျနော်တို့တွင် သူငယ်ချင်းတို့၏  ကောင်းသည်၊ ဆိုးသည် ဟူသောမှတ်ချက်များကိုမကြားရသည့်အတွက် 'ကျနော်တို့မည်သည့်အကြောင်းအရာများကိုရေးမလဲ၊ဖော်ပြမလဲ ?' ဟူသည့်ပြဿနာရှိနေပါသည်။ ထို့အ တွက် သူငယ်ချင်းတို့ဘက်မှလည်း ကျနော်တို့အား ဝေဖန်စကားသံများကို ဖော်ပြပေးခြင်းဖြင့် ကူညီပေးကြ ပါဦးလို့ မေတ္တာရပ်ခံပန်ကြားလိုက်ပါသည်ခင်ဗျာ။ ဒါနဲ့ သီချင်းလေးက ကောင်းတယ်ဟုတ် ?

လေးစားစွာဖြင့်
H.L.T
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment