ကျနော် အရင်တခါတုန်းက ဖေါ်ပြဖူးခဲ့တဲ့ မှော်အိုင်ရွာက ရေကန်အလှူကိစ္စကိုမှတ်မိကြတယ်ဟုတ် ... ? အခု အဲဒီရေကန်အလှူကို လှူဒါန်းပြီးတဲ့အတွက် အလှူရှင်စာရင်းနှင့်တကွ အလှူငွေပေးအပ်တဲ့ မှတ်တမ်းဓါတ်ပုံ များကို ဖေါ်ပြပေးလိုက်ပါတယ်နော်။ ကျနော်တို့အစပထမဦးဆုံး ဆုံးဖြတ်စဉ်က အဖွဲ့ရဲ့အမာခံ သူငယ်ချင်း တစုကနေ ကုန်ကျစရိတ်အားလုံးကို အချိုးကျထည့်ဝင်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ကြသော်လည်း အလှူရှင်သူ ငယ်ချင်းများ၏ စေတနာသဒ္ဓါတရားကြောင့် ကျနော်တို့အမာခံသူငယ်ချင်းတစုမှာ ထင်ထားသလောက် အလှူ ငွေများများစားစားစိုက်ထုတ်လိုက်ရခြင်းမရှိခဲ့ပါ။ အဓိကကျနော်ပြောချင်သည်မှာ အလှူရှင်သူငယ်ချင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် သူငယ်ချင်းတို့၏ လူသားချင်းကြင်နာသနား၍ ကူညီပေးသော စိတ်ဓါတ်အား လေးစားဂုဏ်ယူမိပါကြောင်း ပြောကြားလိုရင်းဖြစ်ပါသည်။ ကဲ...........
Thursday, May 20, 2010
Tuesday, May 18, 2010
ခေါင်းဆောင်သူများ၏မျက်ကွယ်ပြုချက်များ
ပထမဦးစွာကျနော့သူငယ်ချင်းများစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာရှိကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်။ ကျနော်ဒီနေ့တော့ခေါင်းဆောင်တဲ့လူတွေသတိမူစရာအချက်ကလေးတွေကိုပြောဆိုချင်စိတ်လေးဖြစ်လာ တယ်။ဘယ်လောက၊ဘယ်နယ်ပယ်မှာမဆိုအထက်ရောက်လေမြောက်လေဆိုတဲ့စကားရှိတဲ့အတိုင်းအောက် ခြေလွတ်တတ်တာလေးတွေဖြစ်တတ်တာထုံးစံရှိတယ်။တောင်ပေါ်ရောက်ရင်တောင်အောက်ကိုငုံ့ကြည့်တော့ သေးသေးလေးပဲမြင်တတ်တယ်။တောင်အောက်ကလူကလည်းတောင်ပေါ်ကလူကိုလှမ်းကြည့်ရင်ဒီအတိုင်းပဲ မြင် မှာပဲ။အင်္ဂလိပ်စကားမှာ blind spot ဆိုတာရှိတယ်။ ကိုယ်မသိတာ၊မမြင်တာ၊မကျွမ်းကျင်တာတွေပေါ့။ ဒါရိုက်တာ ကြီးဆိုပြီး ဘ၀င်တွေမြောက်ကာ သတိမထားမိတဲ့အချက်လေးတွေကိုထောက်ပြချင်လို့ ဒီပို့စ်လေးကိုရေးလိုက် တာပါ။
လူဆိုတာအပြစ်အနာအဆာကင်းနိုင်ကြတာမှမဟုတ်တာ။ အပြစ်ကင်းစင်တဲ့ ခေါင်းဆောင်ဆိုတာ မရှိပါဘူးလို့ ပြောကြတယ်။ တစ်ခါတစ်လေ ကိုယ့်ခေါင်းဆောင်မှုအောက်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့ အခြေအ နေလေးတွေကိုလည်း ခေါင်းဆောင်တွေ ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။ ကျနော်က ခေါင်းဆောင်တွေဖြစ် တတ်တဲ့ blind spot " ၁၀ ချက် " ကိုအကြံပြု ပြောဆိုဝေဖန်ချင်ပါတယ်။ သတိမမူ ဂူမမြင်၊ သတိမူရင် မြူတောင် မြင်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။ ခေါင်းဆောင်ကြီးတွေ မမြင်တဲ့အရာလေးတွေကို ကျနော်မြင်တာလေး တွေနဲ့ တိုက်ဆိုင်ကြည့်ရအောင်လား။ တကယ်တော့ blind spot ဆိုတာရောဂါတစ်မျိုးဗျ။ လူကြီးလုပ်စားတဲ့ လူတွေမှာ စွဲကပ်တတ်တဲ့ရောဂါ။ ကိုင်း ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေ ဘယ်လောက် တောင်ဒီရောဂါစွဲကပ်နေပြီလဲဆိုတာကို ဒီပို့စ်လေးဖတ်ပြီး စစ်ဆေးကြည့်ရအောင်။
Sunday, May 16, 2010
သတ်သတ်လွတ်နှင့်ကုသိုလ်စိတ်

အရှင်ဘုရား . . .
သက်သတ်လွတ်စားခြင်းဖြင့် ကုသိုလ်ရနိုင်၊ မရနိုင်နှင့် အသားစားခြင်းဖြင့် အကုသိုလ်ဖြစ်နိုင်၊ မဖြစ်နိုင်တို့အား ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား… ။
ဗိုလ်မှုးမျိုးဦး၊ ရန်ကုန်မြို့။
Friday, May 14, 2010
ဖတ်ကြည့်လိုက်နော်....
ကျနော်တို့ blog ကိုအလည်လာတဲ့သူငယ်ချင်းတွေအပျင်းပြေဖို့ပါ ... ကျနော်တို့ blog က လိုအပ်ချက်တွေအများကြီးရှိနေပါတယ်... အလည်လာကြတဲ့ သူငယ်ချင်းတွေအနေနဲ့ လိုအပ်တဲ့အရာလေးတွေ
Tuesday, May 11, 2010
တရားရေးဝန်ကြီးဌာနက တရားမဝင်နေထိုင်သူများ ပြည်တော်ပြန်ထောက်ရေးအစီအစဉ် ထုတ်ပြန်
Posted by ကိုဝိုင်း (မိုးညှင်း) at 8:33 AM
တရားရေးဝန်ကြီးဌာနသည် ၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးလုံခြုံရေးနှင့် တည်ငြိမ်စွာ နေထိုင်ခွင့်ရှိရေးအစီအစဉ်အဖြစ် ၊ လက်ရှိ ပြည်တွင်း တရားမဝင် နေထိုင်သူ ၁သိန်း ၈ ထောင်ခန့်သော နိုင်ငံခြားသား အရေအတွက်ကို လျှော့ချနိုင်ရန် ဖမ်းဆီးပြည်နှင်ခြင်းကို ဆက်လက်ပြုလုပ်လာခဲ့ရာမှ ၊ ယခုအခါ မိမိသဘောဆန္ဒအလျောက်ပြည်တော်ပြန်လိုသူများ အစစအရာရာ အဆင်ပြချောမွေ့စေရေးအတွက် မိမိသဘောအလျောက် ပြည်တော်ပြန်လိုသည့် တရားမဝင် နိုင်ငံခြားသားများနှင့် မိမိဆန္ဒအလျောက်ပြည်တော်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေမည့် “ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ် ”ကို မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက် ထိ (၄လတာ) ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
Saturday, May 08, 2010
အမေများနေ့အမှတ်တရ
မေမေ... သားရှာနေတာကြာလှပြီ
(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့
Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့
မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့်
မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။
Thursday, May 06, 2010
ရယ်စရာ ဟာသလေးများ
*"တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ"*
ကိုချူချာတိုက်ခန်းသစ်ရသည်။နယ်မှရောက်လာသောဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း သောက်သုံးရေကန်ဆောက်လုပ်လှူဒါန်းခြင်း
နာဂစ်မုန်တိုင်းကြောင့်ပျက်စီးသွားသော ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအသုံးပြုနိုင်ရန်အတွက်
သောက်သုံးရေကန်တည်ဆောက်လှူဒါန်းနိုင်ရန် ကိုရီးယားနိုင်ငံ ဒေ၀ူးသင်္ဘောတည်ဆောက်ရေးလုပ်ငန်း (D-S-M-E) ရှိ စေတနာရှင်ဝန်ထမ်းများမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေကန်တည်ဆောက်လှူဒါန်းနိုင်ရန် ကိုရီးယားနိုင်ငံ ဒေ၀ူးသင်္ဘောတည်ဆောက်ရေးလုပ်ငန်း (D-S-M-E) ရှိ စေတနာရှင်ဝန်ထမ်းများမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Subscribe to:
Posts (Atom)









