*အပျိုလေးမို့ပါရှင်*
တိုက်နယ်ဆေးရုံကလေးသို့လှည်း တစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။
လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။ နုနယ်ပျိုမြစ်သော
အနှီ မိန်းကလေး လူနာမှာ တော၏ သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာ ဓားစက်
ထိသွား၏။ သွေးများအထွက်လွန်ကာ သတိ ပင် မရတစ်ချက်၊ ရတစ်ချက်
ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှ ဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။
လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး
ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်း စဉ်အရ
စမ်းသပ်ပြီးနောက် ဆရာဝန်က လူနာ၏ သွေးအမျိုး အစားကို စစ်ပြီး လူနာကို “အိုသွေး”
သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက “ကျွန်မသမီး
နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့
အပျိုသွေးပဲ သွင်းပါနော်”တဲ့။
Tuesday, April 27, 2010
Friday, April 23, 2010
STRESS P.3
စိတ်ဖိစီးမှုလို့ခေါ်တဲ့ mental stress ဒါမှ မဟုတ် psychological stress ကို ဖြေရှင်းနည်းတွေကတော့ online မှာကော စာအုပ်တွေထဲမှာပါ အများကြီးတွေ့ရပါတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ခက်တာက သူတို့ ပြောသလို မလုပ်နိုင်လို့ စိတ်ဖိစီးမှုဝင်တာပေါ့။ မဟုတ်ရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဒီစာတွေ ဖတ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ စကြည့်ရအောင်။
Thursday, April 22, 2010
STRESS P.2
Oxidative stress
oxidation ကို မြန်မာလို ဓာတ်တိုးခြင်းလို့ ဓာတုဗေဒက ဆရာတွေက ခေါ်လေ့ရှိပါတယ်။ oxygen molecule တစ်လုံးပေါင်းထည့်လိုက်တယ်ပေါ့။ အဲဒီလို ပေါင်းလိုက်ရင် ဒြပ်ပေါင်း တော်တော်များများဟာ ပုံပျက်သွားလေ့ရှိတယ်။ ပုံပျက်သွားတာကြောင့် မူလလုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ tissue တွေ ပျက်စီးသလို cell တွေလည်း သေကျေကြပါတယ်။ အရေပြားမှာ ဖြစ်ရင် tissue တွေ ပျက်စီးတာ များတာကြောင့် အိုမင်းခြင်းကို ဖြစ်စေတယ်လို့ ပြောကြတယ်။ တကယ်တော့ oxidation က လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ မလိုအပ်တော့တဲ့ tissue တွေကို ဖျက်ဆီးပစ်တဲ့နေရာမျိုးတွေ နဲ့ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့အခါမျိုးတွေမှာ oxidation ကို ဖြစ်စေတဲ့ reactive oxygen free radicals (reactive oxygen species) (ROS) လို့ခေါ်တဲ့ ငတိကလေးတွေကေ၇ှ့တန်းက ပါဝင်ပါတယ်။ သို့သော် မလိုအပ်ဘဲနဲ့ အစွမ်းတွေ စွပ်ပြနေရင်တော့ အကောင်းထက် အဆိုးက ပိုများလာမှာပါ။ oxidative stress ကို ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
oxidation ကို မြန်မာလို ဓာတ်တိုးခြင်းလို့ ဓာတုဗေဒက ဆရာတွေက ခေါ်လေ့ရှိပါတယ်။ oxygen molecule တစ်လုံးပေါင်းထည့်လိုက်တယ်ပေါ့။ အဲဒီလို ပေါင်းလိုက်ရင် ဒြပ်ပေါင်း တော်တော်များများဟာ ပုံပျက်သွားလေ့ရှိတယ်။ ပုံပျက်သွားတာကြောင့် မူလလုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ tissue တွေ ပျက်စီးသလို cell တွေလည်း သေကျေကြပါတယ်။ အရေပြားမှာ ဖြစ်ရင် tissue တွေ ပျက်စီးတာ များတာကြောင့် အိုမင်းခြင်းကို ဖြစ်စေတယ်လို့ ပြောကြတယ်။ တကယ်တော့ oxidation က လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ မလိုအပ်တော့တဲ့ tissue တွေကို ဖျက်ဆီးပစ်တဲ့နေရာမျိုးတွေ နဲ့ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့အခါမျိုးတွေမှာ oxidation ကို ဖြစ်စေတဲ့ reactive oxygen free radicals (reactive oxygen species) (ROS) လို့ခေါ်တဲ့ ငတိကလေးတွေကေ၇ှ့တန်းက ပါဝင်ပါတယ်။ သို့သော် မလိုအပ်ဘဲနဲ့ အစွမ်းတွေ စွပ်ပြနေရင်တော့ အကောင်းထက် အဆိုးက ပိုများလာမှာပါ။ oxidative stress ကို ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
STRESS P.1
Wednesday, April 21, 2010
အလွမ်းပြေအနမ်း
မနေ့ညကဘလော့ဂ်အတွက်ပို့စ်ရေးသလိုလို၊စာဖတ်သလိုလို၊ဗွီဒီယိုကြည့်သလိုလိုနဲ့ဘာမှန်းမသိဗျာများနေ
တဲ့အချိန်မှာအခန်းဖေါ်အကိုကြီးရဲ့ကွန်ပျူတာကနေသီချင်းတပုဒ်ကိုနားထောင်လိုက်ရတယ်။သီချင်းနာမည်မ သိ သီချင်းအဆိုတော်လည်းဘယ်သူမှန်းမသိပေမယ့်သီချင်းလေးကတော့နားထောင်လို့တော်တော်ကောင်း
တယ်ဗျာ။ကျနော်လဲ အဲဒီအကိုကြီးကို အကိုအဲဒီသီချင်းကျနော့ကိုပေးဗျာလို့တောင်းတော့မှ သူကဖြေတယ်
"ငါလဲမသိဘူး..အဖြူရောင်သံစဉ်ကနေနားထောင်နေတာ.." တဲ့ သေရောကွာ ဆိုပြီးတွေးနေတုန်း။ အကိုကြီး
ကခဏနေတော့ အဲဒီသီချင်းကိုပို့ပေးလာတယ် ကျနော်လဲဝမ်းသာအားရပေါ့ သိတယ်မဟုတ်လား (အဟက်
ဟက်)။သူကလဲ အဖြူရောင်သံစဉ်ရဲ့ လက်ရှိ DJ ကိုသွားဒုက္ခပေးလာတာတဲ့။ ဘာပဲဖြစ်ဖြစ် အဓိကက ကျနော်ရဖို့ပဲလေ သိတယ်ဟုတ် စိတ်ဓါတ်က တခြမ်းစောင်းလေ :P ။ကဲဘာမဟုတ်တာတွေနဲ့ရှည်ကုန်ပြီ။ အဓိကကသီချင်းလေးကိုပြန် Share ပေးတာပါ။ နားထောင်ကြည့်ပေါ့ဗျာ။
MOBILE PHONE အန္တရာယ်
2010ခုနှစ်၊ဖေဖေါ်ဝါရီလတွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးခဲ့ပါသည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
Tuesday, April 20, 2010
အသားအရေတွန့်ခြင်း
အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီး စိမ်နေလျှင်လည်း ဖြစ်တတ်သည်။ နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။ အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။ အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။
Computer သုံးသူများအတွက်မျက်လုံးကာကွယ်ထိန်းသိမ်းနည်း
ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
အလုပ်လုပ်ကိုင် နေကြရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျနော်တို့ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။
အလုပ်လုပ်ကိုင် နေကြရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျနော်တို့ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။
Monday, April 19, 2010
ခံတွင်းအနံ့နံခြင်းနှင့်ဖြေရှင်းနည်းများ
ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။
များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။
Sunday, April 18, 2010
MGDSME နှစ်ဆန်း ၁ ရက်နေ့အမှတ်တရ
ရာသီဥတုအခြေအနေ၊အလုပ်ခွင်အခြေအနေ၊အခြားအခက်အခဲအမျိုးမျိုးတို့ရှိခဲ့သော်လည်း စီစဉ်ထားသည့်
အတိုင်း ကျနော်တို့ MGDSME အဖွဲ့၏နှစ်ဆန်း၁ရက်နေ့ပျော်ပွဲရွှင်ပွဲကလေးကိုဖြစ်မြောက်အောင်မြင်အောင်
စီစဉ်နိုင်ခဲ့ပါသည်။ဤပွဲကလေးဖြစ်မြောက်အောင်စည်းစည်းလုံးလုံး ပါဝင်ကူညီပေးခဲ့ကြသော MGDSME အဖွဲ့
သားညီအကိုများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးလူမှုကူညီရေးလုပ်ငန်းများကိုယခု
ထက်ပို၍စည်းစည်းလုံးလုံးဆောင်ရွက်ပေးကြပါမည်ဟုဆန္ဒပြုလိုက်ပါသည်။
ကိုယ်နံ့လေးရယ်တဲ့သင်းစေလို
လူတိုင်း လူတိုင်းမှာ ကိုယ်စီ အနံ့ရှိကြပါတယ်။ တချို့က ကိုယ်နံ့သင်းကြတယ်။ တချို့ကလည်း အနားပင် မကပ်ချင်လောက်အောင် နံကြတယ်။ တချို့ကျတော့ ကိုယ် ကိုယ်တိုင် အနံ့မကောင်းတာတောင် မသိဘဲ ကိုယ့်အနံ့နဲ့ ကိုယ် ယဉ်နေတတ်တယ်။ အနားမှရှိသူတွေအတွက် အားနာစရာပေါ့။ လူတိုင်းကို သိစေချင်တာက ခန္ဓာကိုယ်က အနံ့ထွက်တယ်ဆိုတာက ပကတိ သဘာဝအခြေအနေတစ်ခုပါ။ အဲဒါအတွက် စိုးရိမ်စရာမရှိပါဘူး။ အနံ့မကောင်းရင် ကောင်းအောင် လုပ်လို့ရပါတယ်။ အောက်ပါနည်းတွေနဲ့ ပျောက်သွားတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ကိုယ်နံ့နံတာကို ဘယ်လိုပျောက်အောင် လုပ်မလဲမပြောခင် ကိုယ်အနံ့ဖြစ်ပေါ်လာပုံလေး အရင်ပြောချင်ပါတယ်။
Friday, April 16, 2010
Computer Crazy
ရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲမှုကြောင့်ကျနော်ရော၊သူငယ်ချင်းတို့ပါ စိတ်ညစ်၊စိတ်မကောင်းဖြစ်ကြရတယ်ဗျာ။
ပြီးတာတွေလဲပြီးပြီ သင်္ကြန်ကြီးတောင်(ဒီပို့စ်လေးလုပ်နေတဲ့အချိန်မှာ)ပြီးဖို့နာရီပိုင်းလေးပဲလိုတော့တယ်။
ညစ်နေတာတွေအကုန်လုံးကို အကုန်လုံးမပျောက်ရင်တောင် နည်းနည်းလေးသက်သာသွားဖို့ကျနော် ဒီပုံလေး
တွေကို Share လိုက်တယ်ဗျာ။သူငယ်ချင်းတို့မရယ်ရင်တောင် နည်းနည်းလောက်ပဲဖြစ်ဖြစ်ပြုံးမိသွားရင်Share
ရကျိုးနပ်ပါပြီ.......
ပြီးတာတွေလဲပြီးပြီ သင်္ကြန်ကြီးတောင်(ဒီပို့စ်လေးလုပ်နေတဲ့အချိန်မှာ)ပြီးဖို့နာရီပိုင်းလေးပဲလိုတော့တယ်။
ညစ်နေတာတွေအကုန်လုံးကို အကုန်လုံးမပျောက်ရင်တောင် နည်းနည်းလေးသက်သာသွားဖို့ကျနော် ဒီပုံလေး
တွေကို Share လိုက်တယ်ဗျာ။သူငယ်ချင်းတို့မရယ်ရင်တောင် နည်းနည်းလောက်ပဲဖြစ်ဖြစ်ပြုံးမိသွားရင်Share
ရကျိုးနပ်ပါပြီ.......
Thursday, April 15, 2010
၂၀၁၀ ရန်ကုန်သင်္ကြန်ဗုံးကွဲမှုသတင်း
မှာပေါက်တာမဟုတ်ပဲမဏ္ဍပ်အောက်မှာပေါက်တာဖြစ်တယ်။ပထမတော့လူတွေကDJလုပ်
တယ်ထင်ပြီးသိပ်သတိမထားလိုက်မိကြပေမယ့်။နောက်အလုံးတွေမှာလူတွေဝရုန်းသုန်းကား
ထွက်ပြေးကြတယ်။X2O မဏ္ဍပ်ဟာလူစည်ကားတဲ့မဏ္ဍပ်လို့လည်းသိရတယ်။ထွက်ပြေးရင်း
နဲ့ထိခိုက်ဒဏ်ရာရရှိသူဦးရေမနည်းသလို ကွဲတဲ့နေရာမှာရှိနေကြတဲ့လူ ၄၊၅ ယောက်သေဆုံး
တယ်လို့သိရတယ်။
စစချင်းလူတွေထွက်ပြေးချိန်မှာ သေနတ်ပစ်သလိုလို၊ထရန်စဖော်မာပေါက်သလိုလိုမရေမရာ
သတင်းတွေဖြစ်လာပေမယ့် ခဏနေလုံခြုံရေးတွေ၊ရဲတွေ၊လူနာတင်ယာဉ်တွေရောက်လာပြီး
မဏ္ဍပ်ပေါ်ကလူတွေကို အောက်ဆင်းခိုင်းပြီး မဏ္ဍပ်ပတ်ပတ်လည်လုံခြုံရေးရယူလိုက်ကြတယ်။
အနီးအနားက Black Culture, Black Jack, 16.9, စတဲ့မဏ္ဍပ်တွေလည်းပိတ်လိုက်ကြရပြီး
လူနာတင်ကားပေါ်မှာအမျိုးသမီးငယ် ၈ ဦးခန့်ပါသွားတာကိုမြင်လိုက်ကြရတယ်။မဏ္ဍပ်ပေါ်
ကဆင်းလာကြတဲ့လူများနှင့်မဏ္ဍပ်အနီးအနားရှိဈေးသည်များ၏ပြန်လည်ပြောပြချက်အရဗုံးကွဲ
တယ်လို့အတည်ပြုလိုက်နိုင်ပါတယ်။Monday, April 12, 2010
မိုးမချုပ်ခင်အိမ်ပြန်ချင်တယ်
ညီလေးတယောက်ကပေးပို့လာတဲ့ကဗျာလေးပါ။ သူငယ်ချင်းတို့လည်းမျှဝေခံစားကြည့်ကြပါဦးလို့ .....
ဖြစ်သလိုပြီးဆုံးသွားတဲ့အတိတ်မှာ
ကိုယ့်စိတ်တွေမဖြူစင်ခဲ့ဘူး....
ကိုယ်ကိုတိုင်စိတ်ရှိလက်ရှိဆွတ် ခူးစားသုံးခဲ့တဲ့
အရည်ရွှမ်းသစ်သီးးတစ်လုံးအတွက်ဆုံးရှုံးမှုတွေ
ေ နာင္တမရ၊ တသသစြဲမက္ဆဲ.....
အမှား တခုအပေါ်အမှားတခုကအရိပ်ထိုးကျြ ပန်တော့
ကိုယ့်ရာဇ၀င်ဟာမှောင် သထက်မှောင်ကျ
တရားရစရာအမြင်ရှင် လျှက်နဲ့
အဓိပ္ပါယ်ကင်းတွင်းတူးမြုပ်ပစ်ရတော့မယ်ထင်တယ်...
ဘာပဲဖြစ် ဖြစ်လေရတောင့်ရခဲဘ၀တစ်ခုအတွက်
် အမည်းစက်တွေကင်းစင်ဖို့
ရှေ့ဆက် စီးဆင်းရမဲ့မြစ်မှာ
ညစ်ပတ်တဲ့စိ တ်ကိုရေချိုး
မိုးမချုပ်ခင်အိမ်ြ ပန်မှဖြစ်မယ်....
ဘိုဘိုထွဋ်
MGDSME ၏ နှစ်သစ်ကူးပျော်ရွှင်စရာအစီအစဉ်
DSMEမြန်မာအသင်းအနေဖြင့်မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော2010.April.17(SAT)တွင်အသင်းသား
များစုပေါင်း၍ဂေါ်ဂျယ်ကျွန်းစု၊ဂူဂျိုရာ구조라ကမ်းခြေ၌ပျော်ရွှင်စွာတွေ့ဆုံ ပြီးမြန်မာနှစ်သစ်ကိုအတူတကွ
ကြိုဆိုကြမည်ဖြစ်ပါသည်။
Sunday, April 11, 2010
ပိတောက်နှင့်ချယ်ရီ
ချပ်..ချပ်..ချပ်.......။တပင်လုံးပန်းနုရောင်သန်းနေသောချယ်ရီပင်များအစီအရီပေါက်နေသည့်လမ်းတလျှောက် ကျနော်တယောက်တည်းကင်မရာတလုံးဖြင့်အလုပ်များနေသည်။ငယ်စဉ်ကတည်းကချယ်ရီဆိုသည့်စကားနှင့်
မစိမ်း၊ဗွီဒိုယိုဇာတ်လမ်းများတွင်တခါတရံမြင်ဖူးသော်သည်းအသက်၂၂(ကိုရီးယားမရောက်ခင်)အထိချယ်ရီပန်း
ပင်ကိုအပြင်တွင်တခါမှမမြင်ဖူးခဲ့။အခုလိုဆောင်းအကုန်နွေဦးရာသီအစ(Marchအကုန်April)တွင်ချယ်ရီပန်းများ
အစွမ်းကုန်ပွင့်ကြသည်။တနှစ်မှတခါ။
Wednesday, April 07, 2010
ဓမ္မဒူတ(ကိုရီးယား) သင်္ကြန်နှစ်သစ်ကူးအလှူတော်သတင်း
ဓမ္မဒူတ(ကိုရီးယား) တွင်လည်း ၁၃၇၁-ခုနှစ်သင်္ကြန်အကြိုအလှူနှင့် နှစ်သစ်ကူးအလှူများ ရှိကြောင်းသိရသည်။ ခါတိုင်းနှစ်များကဲ့သို့ပင် မည်သူမဆို ကြွရောက်သုံးဆောင် ကုသိုလ်ယူနိုင်ကြောင်း နှင့် အလှူတော် အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရသည်-
Tuesday, April 06, 2010
သင်္ကြန်
ကဲ....သင်္ကြန်ရောက်တော့မယ်ဗျာ ... ဘာလုပ်ကြမလဲ ? ဌာနေကိုမပြန်နိုင်သေးတော့လဲ ရောက်နေရာအရပ်က ဘော်ဘော်တွေစုပြီး သင်္ကြန်အမှတ်တရလေးတော့လုပ်မှဖြစ်မယ်။
ဒီအချိန်ဆိုရင် ကျနော်တို့ရွာမှာ ဟိုနေရာသွားလဲ သင်္ကြန်သီချင်း ဒီနေရာရောက်လဲ သင်္ကြန်သီချင်းလေးတွေနဲ့မြူးနေကြပြီပေါ့ဗျာ...လွမ်းတယ်ဗျာ ..ငယ်ငယ်တုန်းက ကဲခဲ့တာလေးတွေ ပြန်ပြီးအမှတ်ရတယ်။
ဘူဆန်းမြန်မာသင်္ကြန်ပွဲတော်
မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြိုဆိုသော အခါသမယတွင် ရွှေညီအစ်ကိုများ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် အတွက် ဘူဆန် မြန်မာအသင်းမှ မြန်မာသင်္ကြန်ပွဲတော်အား အောက်ပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါ၍ ရွှေညီအစ်ကိုများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ 11 - 4 - 2010 (တနင်္ဂနွေ)
အချိန်။ ။ နံနက် 93း0 မှ 12း00 ထိ
နေ့ရက်။ ။ 11 - 4 - 2010 (တနင်္ဂနွေ)
အချိန်။ ။ နံနက် 93း0 မှ 12း00 ထိ
Sunday, April 04, 2010
နှစ်ကူးအကြို အလှူတော် မင်္ဂလာဖိတ်ကြားလွှာ..
Posted by မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် at 1:29 AM
Saturday, April 03, 2010
MGDSME GROUP'S AIM
ဤရည်ရွယ်ချက် ၊ ဦးတည်ချက်နှင့် စည်းကမ်းချက်များမှာ အတည်မပြုရသေးပါသဖြင့် ဖြည့်ဆွက်ထုတ်နှုတ် လိုသည့်အချက်များရှိခဲ့ပါက MGDSME အဖွဲ့သို့တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ mgdsme@gmail.com သို့စာဖြင့်ဆက်သွယ်၍ဖြစ်စေ၊ နည်းလမ်း ၂ ရပ်စလုံးကိုအသုံးပြုခြင်းဖြစ်စေ အကြံပြုဝေဖန်နိုင်ပါသည်။
Mgdsme Group's Aim
Mgdsme Group's Aim
Friday, April 02, 2010
အမှတ်တရ (၃)
လာပြန်ပြီ အမှတ်တရ (၃) တဲ့ ဟုတ်ကဲ့ ဒါကတော့ ကျနော်တို့မနှစ်က (2009.March.14)
ရက်နေ့ကပြုလုပ်တဲ့ ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ ရဲ့တရားပွဲပါ။
ရလဲရနိုင်တဲ့ အမှတ်တရဆိုပြီးတော့ အပြစ်တင်မစောပါနဲ့ဦးနော်။ နောက်မှာလဲ အမှတ်တရ
တွေအများကြီးကျန်နေသေးတယ်ခင်ဗျ။(အဟက်ဟက်) ငယ်ငယ်ကတည်းကအိမ်စာမှန်မှန်
မလုပ်တတ်တဲ့ကျနော့အကျင့်ကြောင့် အခုလည်းအကြွေးတွေအများကြီးကျန်နေတယ်ဗျာ။
ခွင့်လွှတ်ပေးကြပါနော်။ (ခွင့်မလွှတ်လည်းတယောက်တည်းစိတ်ဆိုးနေဗျာ:P)
ဒါပဲဗျာနော် အမှတ်တရ (၄) မှာထပ်ဆုံကြတာပေါ့။ တာ့တာ။
Subscribe to:
Posts (Atom)