Saturday, May 22, 2010

Intel Core i Series CPU များ (သို့ )intel ရဲ့ ဖိုက်တာများ။



Intel ရဲ့  Nehelem နည်းပညာကိုအခြေခံထားတဲ့ Core Series တွေ CPU လောကကိုစိုးမိုးနေတာအားလုံးအသိပဲဖြစ်မှာပါ။
Core Series CPU အကြောင်းကိုမပြောခင်မှာ အရင်ဆုံးသိထားရမယ့် အခေါ်အဝေါ်လေးတွေကိုအရင်ပြောသွားပါမယ်။
အဲဒါတွေကတော့…..
၁။ Die ( integrated circuit ) Wafer ဆိုတဲ့ Silicon ကနေ CPU လုပ်ရန်ဖြတ်ထုတ်လိုက်တဲ့ Integrated Circuit ကို Die လို့ ခေါ်တာပါ။
၂။ Core ဆိုတာ Die တစ်ခု ပေါ်မှာတည်ဆောက်ထားတဲ့ CPU Chip တစ်ခု (သို့ မဟုတ်) CPU တစ်လုံးအတွက်အဓိကအကျဆုံးအစိတ်အပိုင်း (သို့ မဟုတ်) Real Processing Unit
၃။ Thread ဆိုတာ လမ်းကြောင်း သို့ လုပ်ဆောင်မှု့ တစ်ခုပါ။
၎။ Hyper Threading Technology ဆိုတာ Thread လမ်းကြောင်းနှစ်ခုကို Processor ( Core ) တစ်ခုတည်းပေါ်မှာအပြိုင်သွားလာစေရန်ဆောင်ရွက်ပေးသည်။
၅။ Multi Core ဆိုတာ Die တစ်ခုပေါ်မှာ တစ်ခုထက်ပိုသော Core တွေကိုထည့်သွင်းတည်ဆောက်သည့်နည်းပညာကိုခေါ်သည်။

၆။ Cache ဆိုသည်မှာ CPU တွင် Core များအလုပ်လုပ်ရန်အတွက်အသုံးပြုသော(ထည့်သွင်းတည်ဆောက်ထားသော) Static Memory
၇။ Turbo Boost Technology ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ Core များစွာပါပေမယ့် Application တစ်ခု Run နေစဉ်မှာ Core တစ်ခုသာလိုအပ်မယ်ဆိုရင် Core တစ်ခုတည်းနဲ့ပဲလုပ်ဆောင် ပေးပြီးတော့ တစ်ခုထက်ပိုသောCore လိုအပ်တယ်ဆိုမှ Auto ထုတ်သုံးတဲ့နည်းပညာဖြစ်တဲ့အတွက် Performance ပိုင်းအတွက်စိတ်ချရပြီးတော့ ပါဝါစားသုံးမှု့ ကိုလည်းချွေတာရာရောက်စေတဲ့နည်းပညာပါ။
၈။ Smart Cache ဆိုတာ Intel CPU တွေမှာပါတဲ့နည်းပညာတစ်ခုပါ။ CPU ထဲမှာပါတဲ့ Cache Memroy တွေဟာ လိုအပ်လျှင် Dynamically ပေါင်းစပ်ပြီးတော့ Performance ကိုပိုမိုကောင်းမွန်စေပါတယ်။
၉။ QPI ဆိုတာ Quick Path Interconnect လို့ ခေါ်တဲ့နည်းပညာပါ။ လိုအပ်တဲ့အချိန်မှာ CPU အတွင်းမှာရှိတဲ့ Core တွေ Memory တွေက Point to Point ချိတ်ဆက်ပြီးတော့ Hyper Transport လုပ်နိုင်ပါတယ်။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Friday, May 21, 2010

ရေအစား "တံတွေး" ကိုသာမျိုနေကြရသူများ

 
ရေချိုးပြီးပြန်အလာ အ၀တ်အစားလဲအပြီး ကွန်ပျူတာရှေ့ထိုင်လိုက်တော့မှ ရေချိုးထား သည့်အအေးဓါတ် ကလေးရထား၍ အတော်လေးနေသာထိုင်သာရှိသွားသည်။ 

"သြော်၊ နွေရာသီတောင်ရောက်လာပြီနော်......."

နွေရာသီအကြောင်းတွေးမိ၍ ကျနော်တို့အမိမြန်မာနိုင်ငံကြီးကိုသတိရသွားသည်။ စိတ်မသက်သာစရာ၊ ပူဆွေး ၀မ်းနည်းစရာအကြောင်းများ ခေါင်းထဲရောက်လာသည်။ ဒါပေမယ့်လည်း မတွေးဘူးဟု လျစ်လျူမရှုနိုင်။ နဂိုကတည်းကမှ ပူပြင်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ။ ဒီနှစ်မှာ အပူလွန်၊ မိုးမရွာ ........ 
လွန်ခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့်တွေ့၍ စကားခဏပြောရာတွင်၊ ထိုသူငယ်ချင်းမှ
" ဟေ့ကောင်၊ မင်းအင်းလေးအိုင်ပုံမြင်ပြီးပြီလား....." ဟုမေးလာသည်။ ကျနော်က " အင်းလေးအိုင်ဘာဖြစ် လို့လဲကွ၊ မင်းကလဲ ထူးထူးဆန်းဆန်း." ဟုပြန်ပြောရာ သူက " အင်းလေးအိုင် ရေခန်းတဲ့ပုံလေ၊ မြင်မကောင်း ဘူး ... " ဟုထပ်ပြောပါသည်။ ကျနော်က " ဟုတ်ရဲ့လားကွ ၊ မင်းငါ့ကိုလာစားနေတာမဟုတ်လား..." ဆိုပြီး ပြန်ပြောလိုက်ပါသည်။ အဲဒီအခါ သူငယ်ချင်းက " မင်းရဲ့မေးလ်ကို ငါပုံပို့ပေးလိုက်မယ် ၊ မင်းအခန်းပြန်ပြီးဖွင့် ကြည့်လိုက်..." ဟုပြောပြီး သူ့အခန်းကိုပြန်သွားပါသည်။

ကျနော်လည်းအခန်းကိုပြန်ရောက်သည့်အချိန်တွင် ကျနော့မေးလ်ကိုဖွင့်ကြည့်ရာ ထိုသူငယ်ချင်းပို့ပေးလိုက် သောပုံများကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးအိုင်ဖြစ်သော အင်းလေးအိုင် ၏ ယနေ့ဖြစ်ပျက် နေသော ပုံများကိုကြည့်ရသည်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင် ......... 


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Thursday, May 20, 2010

သောက်ရေကန်အလှူ ၊ လှူဒါန်းပြီးစီးခြင်း

ကျနော် အရင်တခါတုန်းက ဖေါ်ပြဖူးခဲ့တဲ့ မှော်အိုင်ရွာက ရေကန်အလှူကိစ္စကိုမှတ်မိကြတယ်ဟုတ် ... ? အခု အဲဒီရေကန်အလှူကို လှူဒါန်းပြီးတဲ့အတွက် အလှူရှင်စာရင်းနှင့်တကွ အလှူငွေပေးအပ်တဲ့ မှတ်တမ်းဓါတ်ပုံ များကို ဖေါ်ပြပေးလိုက်ပါတယ်နော်။ ကျနော်တို့အစပထမဦးဆုံး ဆုံးဖြတ်စဉ်က အဖွဲ့ရဲ့အမာခံ သူငယ်ချင်း တစုကနေ ကုန်ကျစရိတ်အားလုံးကို အချိုးကျထည့်ဝင်လှူဒါန်းသွားရန်ဆုံးဖြတ်ခဲ့ကြသော်လည်း အလှူရှင်သူ ငယ်ချင်းများ၏ စေတနာသဒ္ဓါတရားကြောင့် ကျနော်တို့အမာခံသူငယ်ချင်းတစုမှာ ထင်ထားသလောက် အလှူ ငွေများများစားစားစိုက်ထုတ်လိုက်ရခြင်းမရှိခဲ့ပါ။ အဓိကကျနော်ပြောချင်သည်မှာ အလှူရှင်သူငယ်ချင်းများ အားလုံးအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် သူငယ်ချင်းတို့၏ လူသားချင်းကြင်နာသနား၍ ကူညီပေးသော စိတ်ဓါတ်အား လေးစားဂုဏ်ယူမိပါကြောင်း ပြောကြားလိုရင်းဖြစ်ပါသည်။ ကဲ...........
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Tuesday, May 18, 2010

ခေါင်းဆောင်သူများ၏မျက်ကွယ်ပြုချက်များ

ပထမဦးစွာကျနော့သူငယ်ချင်းများစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာရှိကြပါစေလို့ဆုတောင်းလိုက်ပါတယ်နော်။ ကျနော်ဒီနေ့တော့ခေါင်းဆောင်တဲ့လူတွေသတိမူစရာအချက်ကလေးတွေကိုပြောဆိုချင်စိတ်လေးဖြစ်လာ တယ်။ဘယ်လောက၊ဘယ်နယ်ပယ်မှာမဆိုအထက်ရောက်လေမြောက်လေဆိုတဲ့စကားရှိတဲ့အတိုင်းအောက် ခြေလွတ်တတ်တာလေးတွေဖြစ်တတ်တာထုံးစံရှိတယ်။တောင်ပေါ်ရောက်ရင်တောင်အောက်ကိုငုံ့ကြည့်တော့ သေးသေးလေးပဲမြင်တတ်တယ်။တောင်အောက်ကလူကလည်းတောင်ပေါ်ကလူကိုလှမ်းကြည့်ရင်ဒီအတိုင်းပဲ မြင် မှာပဲ။အင်္ဂလိပ်စကားမှာ blind spot ဆိုတာရှိတယ်။ ကိုယ်မသိတာ၊မမြင်တာ၊မကျွမ်းကျင်တာတွေပေါ့။ ဒါရိုက်တာ ကြီးဆိုပြီး ဘ၀င်တွေမြောက်ကာ သတိမထားမိတဲ့အချက်လေးတွေကိုထောက်ပြချင်လို့ ဒီပို့စ်လေးကိုရေးလိုက် တာပါ။
လူဆိုတာအပြစ်အနာအဆာကင်းနိုင်ကြတာမှမဟုတ်တာ။ အပြစ်ကင်းစင်တဲ့ ခေါင်းဆောင်ဆိုတာ မရှိပါဘူးလို့ ပြောကြတယ်။ တစ်ခါတစ်လေ ကိုယ့်ခေါင်းဆောင်မှုအောက်မှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့ အခြေအ နေလေးတွေကိုလည်း ခေါင်းဆောင်တွေ ကြုံတွေ့ဖူးကြမယ် ထင်ပါတယ်။ ကျနော်က ခေါင်းဆောင်တွေဖြစ် တတ်တဲ့ blind spot " ၁၀ ချက် " ကိုအကြံပြု ပြောဆိုဝေဖန်ချင်ပါတယ်။ သတိမမူ ဂူမမြင်၊ သတိမူရင် မြူတောင် မြင်တယ်ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။ ခေါင်းဆောင်ကြီးတွေ မမြင်တဲ့အရာလေးတွေကို ကျနော်မြင်တာလေး တွေနဲ့ တိုက်ဆိုင်ကြည့်ရအောင်လား။ တကယ်တော့ blind spot ဆိုတာရောဂါတစ်မျိုးဗျ။ လူကြီးလုပ်စားတဲ့ လူတွေမှာ စွဲကပ်တတ်တဲ့ရောဂါ။ ကိုင်း ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေ ဘယ်လောက် တောင်ဒီရောဂါစွဲကပ်နေပြီလဲဆိုတာကို ဒီပို့စ်လေးဖတ်ပြီး  စစ်ဆေးကြည့်ရအောင်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Sunday, May 16, 2010

သတ်သတ်လွတ်နှင့်ကုသိုလ်စိတ်




အရှင်ဘုရား . . .

သက်သတ်လွတ်စားခြင်းဖြင့် ကုသိုလ်ရနိုင်၊ မရနိုင်နှင့် အသားစားခြင်းဖြင့် အကုသိုလ်ဖြစ်နိုင်၊ မဖြစ်နိုင်တို့အား ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား… ။

ဗိုလ်မှုးမျိုးဦး၊ ရန်ကုန်မြို့။


Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Friday, May 14, 2010

ဖတ်ကြည့်လိုက်နော်....

 ကျနော်တို့ blog ကိုအလည်လာတဲ့သူငယ်ချင်းတွေအပျင်းပြေဖို့ပါ ... ကျနော်တို့ blog က လိုအပ်ချက်တွေအများကြီးရှိနေပါတယ်... အလည်လာကြတဲ့ သူငယ်ချင်းတွေအနေနဲ့ လိုအပ်တဲ့အရာလေးတွေ
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Tuesday, May 11, 2010

တရားရေးဝန်ကြီးဌာနက တရားမဝင်နေထိုင်သူများ ပြည်တော်ပြန်ထောက်ရေးအစီအစဉ် ထုတ်ပြန်


တရားရေးဝန်ကြီးဌာနသည် ၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးလုံခြုံရေးနှင့် တည်ငြိမ်စွာ နေထိုင်ခွင့်ရှိရေးအစီအစဉ်အဖြစ် ၊ လက်ရှိ ပြည်တွင်း တရားမဝင် နေထိုင်သူ ၁သိန်း ၈ ထောင်ခန့်သော နိုင်ငံခြားသား အရေအတွက်ကို လျှော့ချနိုင်ရန် ဖမ်းဆီးပြည်နှင်ခြင်းကို ဆက်လက်ပြုလုပ်လာခဲ့ရာမှ ၊ ယခုအခါ မိမိသဘောဆန္ဒအလျောက်ပြည်တော်ပြန်လိုသူများ အစစအရာရာ အဆင်ပြချောမွေ့စေရေးအတွက် မိမိသဘောအလျောက် ပြည်တော်ပြန်လိုသည့် တရားမဝင် နိုင်ငံခြားသားများနှင့် မိမိဆန္ဒအလျောက်ပြည်တော်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းရှင်များကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေမည့် “ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ် ”ကို မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက် ထိ (၄လတာ)  ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Saturday, May 08, 2010

အမေများနေ့အမှတ်တရ

                          မေမေ... သားရှာနေတာကြာလှပြီ

 

(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့
Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့
မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့်
မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Thursday, May 06, 2010

ရယ်စရာ ဟာသလေးများ

*"တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ"*
ကိုချူချာတိုက်ခန်းသစ်ရသည်။နယ်မှရောက်လာသော
ဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း သောက်သုံးရေကန်ဆောက်လုပ်လှူဒါန်းခြင်း

 နာဂစ်မုန်တိုင်းကြောင့်ပျက်စီးသွားသော ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် မှော်အိုင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအသုံးပြုနိုင်ရန်အတွက်
သောက်သုံးရေကန်တည်ဆောက်လှူဒါန်းနိုင်ရန် ကိုရီးယားနိုင်ငံ ဒေ၀ူးသင်္ဘောတည်ဆောက်ရေးလုပ်ငန်း (D-S-M-E) ရှိ စေတနာရှင်ဝန်ထမ်းများမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

Wednesday, May 05, 2010

မောင်ဒီအက်စ်အမ်အီးမဟုတ်ပါခင်ဗျာ

သူငယ်ချင်းတို့ကိုကျနော်တခုလောက်ရှင်းပြရပါဦးမယ်ခင်ဗျာ။ကျနော်တို့အဖွဲ့၏အမည်မှာ MGDSME(Myanmar Group Of Daewoo Shipbuilding & Marine Engineering) ဖြစ်ပါသည်။ မောင်ဒီအက်စ်အမ်အီးမဟုတ်ပါခင်ဗျာ။




လေးစားစွာဖြင့်
H.L.T
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

ဘယ်သူကယုံမှာလဲ ?

သူငယ်ချင်းတို့ရေ နေကောင်းစားဝင်အိပ်ပျော်ကြတယ်ဟုတ်? သီချင်းအသစ်လေးတွေ့လာတယ် အဟက် ဟက် (ကိုယ်နားမထောင်ရသေးရင်အသစ်ပဲ)။ ဘယ်အဆိုတော် ဆိုမှန်းလဲသိဘူး။ သီချင်းလေးကနားထောင် လို့အဆင်ပြေတယ်ဗျ။ အဲဒါကြောင့် ကျနော့ရဲ့ချစ်သူငယ်ချင်းတွေလဲနားထောင်ရအောင် စာသားတွေကို အတင်းမရမက လိုက်ရေးချပြီး ဒီသီချင်းလေးကို ပြန် Share ပေးလိုက်တယ်နော်။ နားထောင်ကြည့်.........

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

သုတ


      ဗီတာမင် ဒီဓါတ်များခြင်းနှင့် အကောင်း အဆိုး

လူပေါင်း တစ်သိန်းခန့်ကို ခန္ဒာဗေဒ ဆေးပညာရှူထောင့်ဖြင့် သုတေသန ပြုလုပ်ခဲ့ရာ ခန္ဓာကိုယ်တွင်း၌ ဗီတာမင် ဒီဓါတ်ပါဝင်မှုအနေအထား မြင့်မားနေမည်ဆို ပါက နှလုံးရောဂါနှင့် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်ကို တွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ၀ါးရစ်ခ်ဆေးတက္ကသိုလ်မှ သုတေသီ များက သတင်းထုတ်ပြန်သည်။ သက်လတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများ ခန္ဓာကိုယ်တွင်း၌ ဗီတာမင်ဒီဓါတ်ပါဝင်မှု လွန်ကဲနေမည်ဆိုပါက နှလုံးရောဂါနှင့် 

Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed